Ads

အထူးအဆန်းတွေကို သတိထားတတ်ဖို့လို



လူတွေဟာ ဘာသာရေးနှင့်ပတ်သက်လာရင် အယုံလွယ်၊ အမှားလွယ် ဖြစ်တတ်ပါသည်။ ဘာသာရေးကို အပြစ်ပြောတာမဟုတ်ပါ။ ဘယ်ဘာသာကိုမှလည်း အပြစ်တင်ခြင်းမဟုတ်ပါ။ ပြောလိုသည့်အချက်ကတော့ ဘာသာတိုင်းမှာ အတုအယောင်တွေကို သတိထားတတ်ဖို့ဖြစ်ပါတယ်။ 

ဘာသာတိုင်းတွင် ဘာသာကို အကြောင်းပြပြီး လုပ်စားနေတဲ့ အတုအယောင်တွေကတော့ ရှိစမြဲပါ။ သူတို့ ၏အဓိက လက်နက်မှာ အထူးအဆန်းများဖြင့် ဖျားယောင်းသွေးဆောင်ခြင်းဖြစ်သည်။ သူတို့အပြောနဲ့ ပြော ရမည်ဆိုလျှင် တန်းခိုးပြတာ ဟုဆိုရပေမည်။ အမှန်မှာ လူတွေဆီကပိုက်ဆံရအောင် နည်းအမျိုးမျိုးတို့ဖြင့် လိမ်လည်ခြင်းဖြစ်သည်။  

လူတွေက အထူးအဆန်းဆို အရမ်းစိတ်ဝင်စားတတ်သည်။ ပိုက်ဆံဘယ်လောက်ကုန်ကုန် စမ်းကြည့်ချင်ကြ သည်။ စမ်းကြည့်……..စမ်းကြည့်ရင်းနဲ့ ထိုသူတို့သည် လုံးလုံးလမ်းပျောက်သွားတတ်ကြသည်။ တရားကိုပါ လုံးလုံးမေ့သွားတတ်ပါသည်။ တရားထက် ပုဂ္ဂိုလ်ကို အလေးထားလာကြပြီး ဘာသာတရား ၏ဆိုဆုံးမမှုများမှ ကင်းကွာသွားတတ်ကြပါသည်။ ထို့်နောက် ဘာသာတရားကို အလေးမထားတော့ပဲ မိမိ ဖြစ်ချင်သောအရာများကို ရရှိအောင် နည်းအမျိုးမျိုးတို့ကို အထူးအဆန်းပြနိုင်သူများထံမှ
 တောင်းခံတတ်ကြ ပါသည်။ နောက်ဆုံးတော့ ထိုသူတို့သည် ဘုရားမေ့၊ တရားမေ့ ဖြစ်သွားကြတော့သည်။ ဘုရားမေ့၊ တရား မေ့သူတို့သည် သွားရမည့်လမ်းကတော့ …………….. သာဖြစ်ပါတယ်။ 


SHARE

Author

Hi, Its me Hafeez. A webdesigner, blogspot developer and UI/UX Designer. I am a certified Themeforest top Author and Front-End Developer. I'am business speaker, marketer, Blogger and Javascript Programmer.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 Comments:

Post a Comment