Ads

ဦးဦးယောနကို မေးကြည့်မယ်

စာသင်ခန်းထဲတွင် ဆရာမက ကျောင်းသားကျောင်းသူများကို မေးခွန်းတစ်ခုမေးပါတယ်။

ဆရာမ ။ ။ ကမ္ဘာမှာရှိတဲ့ သတ္တ၀ါကြီးတွေရဲနာမည်ကို ဘယ်သူပြောနိုင်သလဲ?

ကျောင်းသား ။ ။ ငါး ပါဆရာမ။

ဆရာမ ။ ။ ဘာငါးတုန်း?

ကျောင်းသား ။ ။ ဦးဦးယောနကို မျိုတဲ့ငါးပါ …ဆရာမ။

ဆရာမ ။ ။ မင်းကိုဘယ်သူပြောပြတာလဲ?

ကျောင်းသား ။ ။ အိမ်ကဦးလေးပါ ဆရာမ။ သမ္မာကျမ်းစာထဲမှာ ရေးထားတယ်တဲ့။

ဆရာမ ။ ။ ငါက Zoology နဲ့ကျောင်းပြီးတာ။ ဘယ်လောက်ကြီးတဲ့ငါးဖြစ်ပါစေ လူကိုမျိုချနိုင်တဲ့ငါးမရှိဘူး။
ဘာဖြစ်လို့လဲဆို တော့ အကောင်ကြီးပေမယ့် လည်ဝကျဉ်းနေကြလို့ပဲ။

ကျောင်းသား ။ ။ ဆရာမက ဆရာမဆိုတော့ ကျွန်တော်ထက်ပိုသိမှာပေါ့။ ဒါပေမယ်....သားသား ကောင်းကင်ရောက်တဲ့ အခါ ဦးဦးယောနကို မေးကြည့်မယ်။

ဆရာမ ။ ။ အဲဒီ…ဦးဦးယောနက ကောင်းကင်မှာ မရှိခဲ့ရင်ရော?

ကျောင်းသား ။ ။ ဆရာမ ငရဲရောက်တဲ့အခါ မေးကြည့်ပေါ့ !!!!!!


SHARE

Author

Hi, Its me Hafeez. A webdesigner, blogspot developer and UI/UX Designer. I am a certified Themeforest top Author and Front-End Developer. I'am business speaker, marketer, Blogger and Javascript Programmer.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 Comments:

Post a Comment