နေရာတိုင်းတွင် တည် ရှိသောဘုရား (Omnipresent) ဖြစ်နိုင်မည်မဟုတ်တော့ချေ။ ဘုရားသခင်သည် ခန္ဓာကိုယ် ရှိနေမည်ဆိုလျှင် သူသည်တစ်နေရာတည်းတွင် တည်ရှိနေမည်ဖြစ်ပြီး နေရာတိုင်းမှကိုးကွယ်နိုင် မည်မဟုတ်ပေ။
အချို့သောကျမ်းပိုဒ်တို့တွင် ဘုရားသခင်ကိုဖော်ပြရာတွင် ခန္ဓာကိုယ်ရှိဟန်တူ နေပါသည်။ လက်နှင့်နား (ဟေ ၅၉း၁)၊ လက်မောင်း (တရားဟောရာ ၃၃း၂၇)၊ မျက်လုံး (၂ ရာဇ၀င်ချုပ် ၁၆း၉)၊ ပါးစပ် (မသဲ ၄း၎) (အင်္ဂလိပ်ကျမ်းစာများကိုဖတ်ပေးစေချင်)။ ဤကျမ်းပိုဒ်တို့ သည် ဘုရားသခင်၌ ခန္ဓာကိုယ် ရှိကြောင်းကိုဖော်ပြ နေခြင်း မဟုတ်ပဲ အတိုင်းအဆရှိသောလူတို့၏ ဥာဏ်ပညာနဲ့နား လည်လို့ရ အောင် လူသဏ္ဌာန် သွင်းခြင်းသာဖြစ်ပါသည်။ ရှင်ပေါလုကဘုရားသခင်သည်လူ့မျက်စိဖြင့် မြင်လိုမရကြောင်း ထွက်ဆိုထားပါသည် (ကောလောသဲ ၁း၁၅၊ ၁တိမောသေ ၁း၁၇)။
ကိုးကား
Gotquestions, Bible Questions Answered, s.v. “God is Spirit” http://www.gotquestions.org/God-is-spirit.html (accessed April 11, 2015).
0 Comments:
Post a Comment