John Wycliffe နှင့်သူ၏လုပ်ဖော်ကိုင်ဖက်များသည် အသင်းတော်မှအကြီးအကဲတို့၏ နှောက် ယှက်မှုပေါင်းမြောက်များစွာတို့ကို ခံခဲ့ကြရပါသည်။ လူပေါင်းမြောက်များစွာတို့လည်း အသက်ပေးခဲ့ရ တယ်။ ထိုခေတ်က အသင်းတော်ကိုဦးဆောင်နေသူ (Pope) က John Wycliffe သေဆုံးပြီးနောက်နှစ်ပေါင်းလေး
ဆယ်လေးအကြာတွင် သူ၏အရိုးတို့ကိုထုတ်စေကာ အများရှေ့တွင် မီးရှိုဖျက်ဆီးခဲ့ပြီး အရိုးပြာများကို အနီး ရှိမြစ်ထဲတွင်ပစ်ချစေခဲ့သည်။ အကြောင်းမှာ John Wycliffe ကဲ့သို့သမ္မာကျမ်းစာ ကို ဘာသာပြန်မည့်သူ များ ထပ်မံမပေါ်ပေါက်ရန်ဖြစ်သည်။
Wycliffe ကျမ်းစာအုပ်မှာ လက်ရေးဖြင့်ရေးသားထားသောကျမ်းစာအုပ်ဖြစ်ပါသည်။ ထိုခေတ် က ကျမ်းစာတစ်အုပ်လုံးကို ဆင့်ပွားဖို့ရန် အနည်းဆုံးဆယ်လနီးပါးအချိန်ယူကူးယူရပါသည်။ တန်းဖိုးလည်းကြီး မားခဲ့ပါသည်။ ကျမ်းစာအုပ်တစ်အုပ်ဖိုးသည် သန်မန်လူတစ်ဦး၏တစ်နှစ်ဝင်ငွေခန့်မျှရှိခဲ့ပါ သည်။ Wycliffe ရဲ့ကျမ်းစာအုပ်တွင်အ ခန်းကြီးများကိုခွဲခြားထားသော်လည်း အပိုဒ်ငယ်များကိုခွဲခြား ထားခြင်းမရှိပါ။ ကိုးကား
Greatsite, s.v. “Timeline English Bible History.” http://www.greatsite.com/timeline-english-bible-history/ ( accessed March 31, 2015)
0 Comments:
Post a Comment