Ads

ဖိလစ်ပိုင်နိုင်ငံတွင် ယေရှူ့ ခရစ်တော် ပြန်လည်မွေးဖွားခဲ့တယ်ဆိုပြီး မှားယွင်းစွာသတင်းကြီးနေ (ဆောင်းပါးကိုအပြီးဖတ်ပေးပါရန်)



"ရိုမန် ကတ်သလစ် ခရိယာန် ဘာသာဝင်တွေအများဆုံး နေထိုင်ရာ ဖိလစ်ပိုင်နိုင်ငံမှာ မတ်လ ၁၅ရက်နေက
ဆေးရုံတနေရာမှာ ယေရှုခရစ်တော် ပြန်လည်မွေးဖွားလာတဲ့ သတင်းကြောင့် ယုံကြည်သူအများပြားသောင်းနဲ့ 
ချီသွားရောက်ကြည့်ရူြ့ပီး ကောင်းချီးပေး ဆုတောင်းပွဲတွေပြုလုပ်ကြပါတယ်။ ခရစ်ယာန် သမာကျမ်း တွေမှာ ဆိုထားဘူးတာက ကမ္ဘာပျက်ခါနီးမှာ ခရစ်တော် ပြန်လည်၇ှင်သန် မယ်လို့  ယုံကြည်နေ ကြတာပါ ။ ခုမွေးဖွားတဲ့ ခလေးငယ်ရဲ့  ဦးခေါင်းနဲ့ ခြေလက်တွေမှာ ဒဏ်၇ာအမှတ်သားအဖြစ် ဆူးခက်လို အမှတ်အရာတွေ ပါလာခဲ့တယ်။ ဆရာဝန်တွေကတော့ ခုလို ပုံစံမျိုးမွေးခဲ့တဲ့ ခလေးမျိုး ကတော့ မြင်ရခဲ တယ်လို့ ဆိုပါတယ်။”

(Source: Social Action for Women – SAW (April 2 at 8:44pm) 



ဒီအဖြစ်အပျက်ကလေး၏အယူဆက အင်မတန်မှမှာယွင်းနေပါသည်။ အကြောင်းမှာ ခရစ်တော်သည် ကလေး သူငယ်အဖြစ်ပြန်လည်မွေးဖွားမည်ဟု သမ္မာကျမ်းစာက မဆိုထားပေ။ သမ္မာကျမ်းစာက ဖော်ပြထားသောခရစ်
တော်၏ ဒုတိယအကြိမ်ကြွလာတော်မူမည့် အကြောင်းကို အနည်းငယ်လေ့လာကြည့်ကြရအောင်။ သမ္မာကျမ်း စာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်တော်မူသည်အတွက် သမ္မာကျမ်းစာ၏အဆိုကိုသာ ယုံကြည် လိုက်နာသင့်ပါသည်ဟု ခံယူထားသောကြောင့်ရေးသားလိုက်ခြင်းဖြစ်ပါသည်။ 

၁။ ခရစ်တော်၏ ပထမကြွလာခြင်း
          ဖရောဖက်များပြောဆိုသည်အတိုင်း ခရစ်တော်သည် လူသားအဖြစ်မွေးဖွားလာ။ ကလေးဘ၀ကို မွေးဖွားခံယူ။ အဘယ်ကျမ်းချက်ကမှ ခရစ်တော်ဒုတိယအကြိမ်မွေးဖွားမည်ဟုမဖော်ပြ။ 

၂။ ခရစ်တော်ဒုတိယအကြိမ်ကြွလာမည့်အကြောင်း
1.    ခရစ်တော်ကိုယ်တိုင်ထွက်ဆို (မသဲ ၂၄၊ ၁၆း၂၇၊ ၂၅း၁-၂၊ မာကု ၈း၃၈၊ လုကာ ၁၂း၃၇-၄၀၊ ၁၇း၂၈-၃၀၊ ၂၁း၃၄-၃၆) 

2.    ကောင်းကင်တမန်တွေကပြော (တမန် ၁း၁၁)
“ကောင်းကင်သို့ကြွသွားတော်မူသည်နည်းတူ တစ်ဖန်ကြွလာတော်မူလတ္တံ” ခရစ်တော်ဤကမ္ဘာ
လောကသို့ ပြန်ကြွလာမည်မှာ သေချာပါသည်။ 

3.    Olive တောင်ပေါ်တွင်ဆင်းသက်လာမည် (ဇာခရိအနာဂတ္တိကျမ်း  ၁၄း၎)
ဖရောဖက်ဇာခရိက ခရစ်တော်ဒုတိယအကြိမ် ကြွလာသောအခါ သံလွင်တောင်ပေါ် တွင်ခြေချမည့် အကြောင်း ကိုဖော်ပြထားသည်။ ကလေးသူငယ်အဖြစ် နောက်တဖန် ထပ်မွေးမည်ဟု မဆိုထားပေ။ 

4.    ကောင်းကင်မှကြွလာတော်မူမည် (မသဲ ၂၄း၃၀၊ ဗျာဒိတ် ၁၉း၁၁-၁၆)
ခရစ်တော်သည်ဒုတိယအကြိမ်ကြွလာတော်မူသည့်အချိန်တွင် ကောင်းကင်မှကြွလာတော်မူ မည့်အ
 ကြောင်း သမ္မာကျမ်းစာတွင် အသေအချာဖော်ပြ ထားပါသည်။ ကောင်းကင်မှ ကလေးသူ ငယ် အဖြစ်လည်း ကြွလာတော်မူမည်မဟုတ်။ တရားစီးရင်ဖို့ရန် ကြွလာမည်ဖြစ် သည် (မသဲ ၂၅း၃၁-၄၆၊ ဗျာဒိတ် ၁၉း၁၅၊ ၂ သက်သလောနိတ် ၂း၈)

5.    လူတိုင်းတွေ့မြင်ကြလိမ့်မည် (မသဲ ၂၄း၃၀)
မသဲ ၂၄း၂၃-၂၆ တို့သည် ခရစ်တော်အတုများပေါ်လာမည်ကို ခရစ်တော်ကိုယ်တိုင် ပြောဆိုထား
သည်။ ခရစ်တော်ဒုတိယအကြိမ်ကြွလာတော်မူသောအခါ ကမ္ဘာပေါ်၌ ရှိရှိသမျှသောလူသားတိုင်း 
တပြိုင်တည်းတွင် တွေ့မြင်ကြလိမ့်မည်။ နေရောင်ထွက်လာ သကဲ့သို့ ခရစ်တော်ကြွလာတော်
မူသောအချိန်တွင် လူတိုင်းတွေ့မြင်ကြလိမ့်မည်ဟု ခရစ်တော်ကိုယ် တော်တိုင်ပြောဆိုခဲ့ပါသည်။ 
(ဖတ်ရန်။ ။ ရှင်မသဲ ၂၄ ကိုသေချာစွာဖတ်ပေးပါရန်)။ 


SHARE

Author

Hi, Its me Hafeez. A webdesigner, blogspot developer and UI/UX Designer. I am a certified Themeforest top Author and Front-End Developer. I'am business speaker, marketer, Blogger and Javascript Programmer.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 Comments:

Post a Comment