Ads

ရေနှစ်ခြင်းမင်္ဂလာ

ခရစ်ယာန်တို့အတွက် ရေနှစ်ခြင်းမင်္ဂလာသည် အရေးကြီးသောအရာတစ်ခုဖြစ်ပါသည်။ နှစ်ခြင်း
မင်္ဂလာကို ပေးပုံပေးနည်းတော့ကွဲပြားနေပါသည်။ အဓိကအားဖြင့် ရေပက်ဖြန်းခြင်း၊ ရေလောင်းခြင်းနှင့်
 ရေနှစ်ခြင်းတို့ဖြစ်ပါ သည်။ နှစ်ခြင်းမင်္ဂလာသည် ဂရိဘာသာစကား Baptizo မှဆင်းသက်လာပြီး “နှစ်သည်၊ အတွင်းသို့နှစ်သည်” ဟု အဓိပ္ပါယ်ရပါသည်။ 

ရေနှစ်ခြင်းမင်္ဂလာသည် ကယ်တင်ခြင်းနဲ့မဆိုင်ပါ (ရေနှစ်ခြင်းခံလို့ ကယ်တင်ခြင်းမရရှိနိုင်)။ ကယ်တင်ခြင်း ရရှိပြီးသောသူတို့အတွက်သာ လုပ်ဆောင်ရမည့်အရာ ဖြစ်ပါသည်။ ဤအရာသည် အရေးကြီးသော အရာဖြစ်ပေသည်။ အကြောင်းမှာ ခရစ်တော်ကိုယ်တိုင်နှစ်ခြင်းမင်္ဂလာကို ခံယူပြီး၊ နှစ်ခြင်းပေးရန် သူ့၏တပည့်တော်များကို မိန့်မှာခဲ့ပါသည် (မသဲ ၃း၁၃-၁၇၊ ၂၈း၁၉)။

ရေနှစ်ခြင်းမင်္ဂလာသည် ခရစ်တော်သင်္ဂြုဟ်ခံရခြင်း (ဇာတိအသက်တာသေလွန်ခြင်း)နှင့် ရှင်ပြန်ထမြောက်
 ခြင်း (အသက်သောထာဝရအသက်တာ) တို့ကိုထင်ရှားပေါ်လွန်စေသောအရာဖြစ်ပေသည်(ရောမ၆း၃-၆)။
 နှစ်ခြင်းမင်္ဂလာ ခံယူရခြင်း၏အဓိကအကြောင်းရင်းမှာ အများရှေ့တွင် “အပြစ်သားအကျွန်ုပ်အတွက် ခရစ်တော်၏ အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ပါ၏။ ယခုအကျွန်ုပ်သည် ခရစ်တော်၏တ ပည့်တော်ဖြစ်လာပါပြီ၊ လောကနဲ့မဆိုင်တော့ပါ” ဟူသောအချက်ကို သက်သေပြရန်ဖြစ်သည်။

နှစ်ခြင်းမင်္ဂလာသည် ခရစ်တော်မိန့်တော်မူသည်အတိုင်း ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော် တို့၏နာမတော်အားဖြင့်ပေးရဖြစ်သည် (မသဲ ၂၈း၁၉)။ ခရစ်တော်ကို မိမိ၏ကယ်တင် ပိုင်ရှင်အဖြစ်လက်ခံရရှိသူတိုင်း ခံယူသင့်သောအရာဖြစ်ပါသည်။ ကယ်တင်ခြင်းမရရှိသူများအဖို့နှစ်ခြင်း
မင်္ဂလာကိုခံယူသော်လည်း အဓိပ္ပါယ်မရှိပေ။

    ရေနှစ်ခြင်းမင်္ဂလာ၏ အဓိပ္ပါယ်ဖော်ဆောင်ချက်များမှာ -

        ၁။ ခရစ်တော်၏မိန့်မှာချက်ကိုလိုက်နာခြင်း (မသဲ ၂၈း၁၉)
        ၂။ ခရစ်တော်၏ အသေခံခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းတို့ကိုသက်သေပြခြင်း (ရောမ ၆း၃-၆)
        ၃။ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် ၀င်ခံခြင်း ( ၁ပေ ၃း၂၀-၂၁)


       
SHARE

Author

Hi, Its me Hafeez. A webdesigner, blogspot developer and UI/UX Designer. I am a certified Themeforest top Author and Front-End Developer. I'am business speaker, marketer, Blogger and Javascript Programmer.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 Comments:

Post a Comment