၁။ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သောကြောင့်
သမ္မာကျမ်းစာတွင် ဖော်ပြထားသောဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးအပြင် ရှိရှိသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသောဘုရား ဖြစ်ပါသည်။ ထိုပြင် ရှိရှိသမျှသောအရာများတို့ကို အုပ်စိုးတော်မူသောဘုရားလည်း ဖြစ်ပါသည်။ ဘုရားသခင်၏ ကြီးမြတ်တော်မူခြင်းကို အဘယ်အရာနဲ့မှ ခိုင်းနိုင်း၍မရပေ။ သမ္မာကျမ်းစာသည် ဘုရားသခင်၏တန်ခိုးတော်ဖြင့် မှုတ်သွင်းထားသောစာအုပ်ဖြစ်ပါသည်။ ဘုရားသခင်၏နှုတ်ထွက်စကားများဖြစ် ပေသည်။ ထိုမျှလောက် ကြီးမြတ်တော်မူသောစကားတော်များကို သိရှိဖို့ရန် သင့်အတွက်အသက်နှင့်အမျှ အရေးကြီးနေပါသည်။
ဘုရားသခင်က သင့်အားသိရှိစေလိုသောအရာများကို သမ္မာကျမ်းစာတွင်ဖော်ပြထားပါသည်။ ထိုအရာများကို သိရှိရန်သင့်အနေနဲ့ သမ္မာကျမ်းစာကိုပုံမှန်ဖတ်ရှု့လေ့လာဖို့ရန်အရေးကြီးသည်။ အကြောင်းမှာ နောက်ဆုံးသော ကာလတွင် သင့်ကိုတရားစီရင်မည့်သူမှာ ဘုရားသခင်ဖြစ်တော်မူသောကြောင့် ဘုရားသခင်က သင့်အားသိရှိ စေလိုသောအရာများကို ကြိုတင်သိရှိနိုင်ရန် သမ္မာကျမ်းစာကို ဖိတ်ရန်အရေးကြီးနေခြင်းဖြစ်ပါသည်။
၂။ သင်နဲ့ဤကမ္ဘာမြေကြီးတည်ရှိလာပုံကို သိရှိရန်
သင်၏အဖေနဲ့အဘိုးနာမည်ကို မေးမယ်ဆိုလျှင် အလွယ်တကူချက်ခြင်းဖြေနိုင်မည်ဖြစ်သည်။ သို့ပေမယ့် မျိုးဆက် အဆင့်ဆင့်က ဘိုးဘွားတွေရဲ့နာမည်များကို အလွယ်တကူပြောနိုင်မည်မဟုတ်ပေ။ ထိုပြင်သင်သည် ကမ္ဘာပေါ်တွင် အဦးဆုံးသောလူသားနှစ်ယောက်တို့၏ အကြောင်းကိုမသိရှိသေးသောသူလည်း ဖြစ်ကောင်းဖြစ် မည်။ ကမ္ဘာမြေကြီးတည်ရှိပုံ၊ လူသားတို့၏အစ၊ အပြစ်တရား၏အစ၊ တိရိစ္ဆာန်တို့၏အစ၊ ဘာသာစကား မျိုးစုံပေါ်ပေါက်လာခြင်း အစရှိသည့် ကမ္ဘာပေါ်တွင်ဖြစ်ပျက်ခဲ့သောသမိုင်းများတို့ကိုလည်း သမ္မာကျမ်းစာတွင် ဝေေ၀ဆာဆာ ဖတ်ရှု့လေ့လာနိုင်ပါသည်။
၃။ လောကတွင်ဘယ်လိုနေထိုင်အသက်ရှင်ရမလဲဆိုတာ သိရှိရန်
သင်သည်ဤလောကတွင် မွေးဖွားလာရခြင်းသည် အကြောင်းမဲ့မဟုတ်ပေ။ သင်၏လုပ်ဆောင်ရမည့်အချက် တို့ကိုမသိရှိလျှင် သင်၏မွေးဖွားခြင်းသည် အမင်္ဂလာရှိသည်ဟု ဆိုရပေမည်။ ထိုသို့မဖြစ်ရလေအောင် သင့်အ နေနဲ့ သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရန်အရေးကြီးသည်။ သမ္မာကျမ်းစာက သင့်အားလမ်းပြပါလိမ့်မည်။ သင်အ နေနဲ့ လောကတွင် အဓိပ္ပါယ်ရှိရှိ အသက်ရှင်နေထိုင်လိုလျှင် သမ္မာကျမ်းစာကို အစဉ်မဖြတ် ဖတ်ရှု့လေလာပါ လို့တိုက်တွန်းလိုပါတယ်။
၎။ သင်၏အနာဂတ်ကို သိရှိရန်
သင်သည် တိရိ စ္ဆာန်တို့နှင့်ကွဲပြားသောအချက်မှာ ၀ိညာဉ်ရှိခြင်းဖြစ်သည်။ သင်၏၀ိညာဉ်သည် သေလွန်ပြီး သောအခါ မည်သည့်အရပ်ကို သွားမည်နည်းဆိုသော မေးခွန်းကို တိတိကျကျပြောနိုင်ရန် သမ္မာကျမ်းစာက သင့်ကို ကူညီပါလိမ့်မည်။ သေလွန်ပြီးသောအခါ သင်သည် ငရဲကိုသွားမှာလား (သို့) ကောင်းကင်ဘုံကို သွားမှာ လားဆိုသော မေးခွန်းကို တိတိကျကျသိရှိနိုင်ရန် သမ္မာကျမ်းထဲမှာ လေ့လာလို့ရပါတယ်။
၅။ ထာဝရအသက် ရရှိရန်
သင်သည် ထာဝရအသက်တည်းဟူသော ဒုတိယအကြိမ်မွေးဖွားခြင်းကို မခံရလျှင် ငရဲကိုသွားရမည်မှာ သေချာ လှပါသည်။ ဒုတိယအကြိမ်မွေးဖွားခြင်းဆိုသော အဓိပ္ပါယ်ကိုရော သင် သိပါသလား? သင့်အနေဖြင့် မသိရှိ မရရှိသေးဘူးဆိုလျှင် ဧကန်မုချ သမ္မာကျမ်းစာကိုဖတ်ရှု့လေ့လာဖို့ရန် လိုအပ်နေပါသည်။ သင့်ကို ထာဝရငရဲမှ ထာဝရကောင်းကင်ဘုံသို့ ရောက်ရှိနိုင်ဖို့ရန် လမ်းပြနိုင်သူမှာ သမ္မာကျမ်းစာပင်ဖြစ်သည်။
၆။ နာမည်ကြီးသောစာအုပ်ဖြစ်သောကြောင့်
လူတိုင်းနာမည်ကြီးသောစာအုပ်၊ အရောင်းရဆုံးသောစာအုပ်များကို ဖတ်ချင်ကြသည်။ သမ္မာကျမ်းစာသည် ကမ္ဘာပေါ်တွင် အရောင်းရဆုံးသောစာအုပ်၊ ပုံနှိပ်ထုတ်ဝေမှုအများဆုံးစာအုပ်၊ ဘာသာပြန်မှုအများဆုံးသော စာအုပ်၊ ဖတ်ရှု့လေ့လာသူအများဆုံးသောစာအုပ် ဖြစ်သောကြောင့် သင်သည် သမ္မာကျမ်းစာကို မဖြစ်မနေ ဖတ်သင့်သည်ဟု အကြံပေးလိုပါတယ်။ သင်သည် ဘယ်ဘာသာဝင်ဖြစ်ဖြစ် သမ္မာကျမ်းစာကိုတော့ လက်မ လွတ်သင့်ဘူးလို့ အကြံပေးလိုပါတယ်။
၇။ ဥာဏ်ပညာထက်မြက်ရန်
သမ္မာကျမ်းစာသည် ခရစ်ယာန်တို့၏ လက်စွဲစာအုပ်ဖြစ်သော်ငြားလည်း ခရစ်ယာန်မဟုတ်သော သူတို့ပင် သမ္မာကျမ်းစာကို ဖတ်ခြင်းဖြင့် အသိဥာဏ်ပညာများ တိုးပွားရကြသည်။ သူတစ်ကာထက် ဥာဏ်ပညာ ထက်မြက်ကြသည်။ အိန္ဒိယလွတ်လပ်ရေးဖခင်ကြီး ဂန္ဒီပင် သမ္မာကျမ်းစာကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်သည်။ အကြမ်းမဖက် အနုနည်းဖြင့်ဆိုသောအရာပင် သမ္မာကျမ်းစာထဲတွင် ဖော်ပြသော ခရစ်တော်၏ နည်းဗျူဟာပင် ဖြစ်ပါသည်။ တနည်းပြောရလျှင် ချစ်ခြင်းမေတ္တာအားဖြင့်အနိုင်ယူခြင်းဖြစ်သည်။

0 Comments:
Post a Comment