Ads

“အချိန်မေးခြင်းသည်းခံပါ” စာတန်းလေးနဲ့အခက်တွေ့သွားသည့် ကိုတောသား?


တစ်ခါက ခရီသွားရင်းရောက်လိုဇောနဲ့ ကားဆရာကို ဘယ်အချိန်ရောက်နိုင်မလဲလို့ မေးလိုက်တော့ ကားနံရံမှာကပ်ထားတဲ့ စာကိုသူကလက်ညိုးထိုးပြလိုက်ပါတယ်။ ရေးထားသောစာမှာ “အချိန်မေးခြင်းသည်းခံပါ” တဲ့။ ဘာဖြစ်လို့ဒီလိုကပ်ထား တာလဲမေးတော့ “ရောက်မည့်အချိန်ကြိုပြောရင် ခရီးမဖြောင့်ဖြူးတတ်ဘူး” လို့ဖြန်ဖြေပါတယ်။ စိတ်ထဲမှာ ဇဝေဇ၀ါဖြစ် နေမိခဲ့ပါတယ်။ ဒီလိုနဲ့ခရီးတော့ ချောချောမောမောရောက်ရှိခဲ့ပါတယ်။ ခရီးချောချောမောမော ရောက်ရှိသော်လည်း စိတ်ထဲတွင် ကားဆရာပြောသောစကားကို အလိုလိုတွေးနေမိပါသည်။ ဘာကြောင့်လူတွေက အဲဒီလိုယုံကြည်နေရ တာလဲဆိုပြီး အချိန်ကြာကြာတွေးတောမိခဲ့ပါသည်။  



အဲဒီလိုတွေးရင်း တစ်နေ့လေယာဉ်နဲ့ခရီးသွားမှာဖြစ်လို့ လေယာဉ်လက်မှတ်သွားဝယ်လိုက်ပါတယ်။ လေယာဉ်လက်မှတ် တွင် ထွက်ခွါမည့်အချိန်နဲ့ ရောက်ရှိမည့်အချိန်ကို တိတိကျကျဖော်ပြထားနေတာကို တွေ့ရှိလိုက်တဲ့အချိန်မှာ စိတ်ထဲတွင် အတွေးပေါ်လာပါတယ်။ ဘာကြောင့်…. ကားကျတော့ရောက်မည့်အချိန်ကို မပြောလိုကြတာလဲ။ လေယာဉ်ကျတော့ မစီးမှီက တည်းက ထွက်ခွာမည့်အချိန်နဲ့ရောက်ရှိမည့်အချိန်ကို တိတိကျကျဖော်ပြထားသလဲ? ကားနဲ့လေယာဉ်က ဘာကွာခြားမှုရှိ သလဲ? ခရီးသွားတာချင်းအတူတူ ယုံကြည်ချက်ကဘာကြောင့်မတူညီရသလဲ? အစရှိသဖြင့်ခေါင်းထဲတွင် အတွေးပေါင်း မြောက်များတို့က တန်းစီပြီးဝင်လာပါတော့သည်။ 

လေကြောင်းခရီးစဉ်စတင်လိုက်တဲ့အချိန်မှာ လေယာဉ်မယ်တစ်ဦးက လေယာဉ်ပျံက ဘယ်နာရီ၊ မိနစ်မှထွက်ခွာစပြုနေပါ ကြောင်း၊ အမြင့်ပေဘယ်လောက်မှာပျံသန်းပါမည့်အကြောင်း၊ ပျံသန်းချိန်ဘယ်လောက်ကြာမှာဖြစ်ကြောင်း၊ နောက်ပြီးခရီး ရောက်ရှိမည့်အချိန်ကိုလည်း တိတိကျကျကြေညာလိုက်ပါသည်။ သူမ၏ကြေငြာခဲ့သည့်အတိုင်းခရီးကို အချိန်မှန်မှန် ချော ချောမောမော ရောက်ရှိခဲ့ပါသည်။ 

လိုရာခရီးကိုရောက်ရှိသွားပြီးနောက် အတွေးထဲမှာ “အချိန်မေးခြင်းသည်းခံပါ” ဆိုသောစာတန်းလေးက ပြန်ပေါ်လာပါ သည်။ ကျွန်တော်/မ ယာဉ်ကျေးမှုအရ ဘိုးဘွားစဉ်ဆက်ကတည်းက လက်ခံယုံကြည်ခဲ့သော အယူအစများသည် အမှန် တကယ်ပင် လိုက်နာကျင့်သုံးရန် ယခုခေတ်လူငယ်များအတွက် သင့်တော်ပါသလားလို့ စဉ်းစားမိလိုက်ပါသည်။ ဟို.. ကားဆရာပြောခဲ့သည်အတိုင်း ရောက်ရှိမည့်အချိန်ကို ကြိုပြောထားခြင်းသည် ခရီးကိုမဖြောင့်ဖြူးစေမည်ဆိုလျင် နေ့တိုင်း ပုံမှန်ပျံသန်းနေသော လေယာဉ်တို့သည် လိုရာခရီးကိုရောက်ရှိနိုင်မည်မဟုတ်ပေ။ လက်တွေ့တွင် လေကြောင်းခရီးစဉ်တို့ သည်အများအားဖြင့် လိုရာခရီးကို ဖြူးဖြူးဖြောင့်ဖြောင့်ရောက်ရှိနေကြပါသည်။ ရံဖန်ရံခါသာမျှသာ ပျက်ကျခြင်းနဲ့ရင်ဆိုင် နေရခြင်းဖြစ်ပါသည်။ 

I.T ခေတ်လူငယ်များအတွက် ဘ၀တွင် လက်တွေ့ဆန်ဆန်ယုံကြည်လက်ခံလာတတ်ဖို့အရေးကြီးလာပြီလို့ ယူဆ မိပါသည်။ အမှန်တကယ်အသုံးပြုလို့မရသော အယူအဆဟောင်းများကို စွန့်လွတ်သင့်ပြီလို့ခေတ်လူငယ်များကို ပြောလိုပါသည်။ ဘိုးဘွားတို့၏ အယူအစအားလုံးတို့သည် အမှားဖြစ်သည်ဟုမဆိုလိုပါ။ ယနေ့အထိကျင့်သုံးသင့်သော အရာများရှိနေမှာ အမှန်ပင် ဖြစ်ပါသည်။ သို့ရာတွင် ဘယ်အရာမဆို စေ့စေ့လေ့လာသုံးသပ်ပြီးမှ မှန်ကန်သောအရာ များကိုသာ  ယုံကြည်ကျင့်သုံးသင့်ကြောင်း အားပေးတိုက်တွန်းလိုပါသည်။   

ဘာသာရေးတွင်လည်း ထိုနည်းတူဖြစ်ပါသည်။ ကျမ်းစာနဲ့ ဘယ်လိုမှမအပ်စပ်တဲ့ အယူအဆတွေ၊ လုပ်ဆောင်ချက်တွေ ယခုခေတ်လူတွေက လုပ်ဆောင်လာကြပါတယ်။ သတိထားရမည်ဖြစ်သည်။ အဓိက အချက်မှာ ဤအရာသည် ကျမ်းစာနဲ့ကိုက်ညီမှုရှိသလား ဆိုပြီးအမြဲ စဉ်းစားသုံးသပ်တတ်ဖို့လိုပါတယ်။ သူများပြောလို့လုပ်လိုက်တယ်၊ သူများလုပ်လို့လုပ်လိုက်တယ် ဆိုတာတွေက အရမ်းကို မိုက်ရှုးရဲဆန်တယ် လို့ပြောရမည်ဖြစ်သည်။   
SHARE

Author

Hi, Its me Hafeez. A webdesigner, blogspot developer and UI/UX Designer. I am a certified Themeforest top Author and Front-End Developer. I'am business speaker, marketer, Blogger and Javascript Programmer.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 Comments:

Post a Comment