Ads

ရင့်ကျက်တဲ့လူငယ်တစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ (ခြေလှမ်း-၁)



၁။ စိတ်ကူးအိမ်မက်၊ အတွေးအခေါ်

သင်ပိုင်ဆိုင်လိုသော ဘ၀ကို စိတ်ကူးကြည့်ပါ။ ဤနေရာမှာ သင့်ရဲ့အရည်အချင်းဟာ ဘာဖြစ်တယ် ဘယ်လိုဖြစ်တယ်ဆိုတာ ဆန်းစစ်စရာ မလိုအပ်သေးပါဘူး။ သင်…ဖြစ်ချင်တာကိုသာ စဉ်းစားတွေးတော ရမှာ သာဖြစ်ပါတယ်။ သင်ဟာ…ဘယ်လိုလူမျိုးဖြစ်ချင်သလဲ၊ ဘယ်လိုကျောင်း မျိုးမှာ ပညာသင်ယူလိုချင်သ လဲ၊ ဘယ်လိုမိသားစု ဘ၀မျိုးကို ပိုင်ဆိုင်ထားလိုပါသလဲ၊ ဘယ်လောက် ချမ်းသာချင်သလဲ အစရှိသဖြင့်သင် ပိုင်ဆိုင်လိုသောဘ၀မျိုးကို စတ်ကူးပြီး အိမ်မက် မက်ရမှာ ဖြစ်ပါတယ်။
           
လူတစ်ယောက်အနေနဲ့ တိုးတက်ဖို့ မတိုးတက်ဖို့၊ ခေါင်းဆောင်တစ်ယောက်ဖြစ်ရေး၊ မဖြစ်ရေးဆိုတာ
တွေဟာ အိမ်မက် (Vision)  (၀ါ) အတွေးအခေါ်နဲ့ ဆက်နွယ်နေပါတယ်။ ခြင်္သေ့ဟာ ကုန်းနေသတ္တ၀ါတို့ တွင် အကြီးဆုံး၊ ခွန်အားအရှိဆုံး၊ အမြန်ဆုံး စသည့်အရည်အချင်းများနဲ့ မပြည့်စုံသည့်တိုင်အောင်တောတိ ရိစ္ဆာန်တို့တွင် ဘုရင်တစ်ဆူ ဖြစ်နေပါသည်။ သူ့ထက်ကြီးသော၊ အားကောင်းသော၊ မြန်ဆန်နေသောတိ ရိစ္ဆာန်များတို့သည် သူနေထိုင်ရာ တောကြီးတွင် ကျက်စားနေထိုင်ကြပါသော်ငြားလည်း သူသာလျှင် ဘုရင် တစ်ဆူဖြစ်နေပါသည်။ သူထက်သာသော တိရိစ္ဆာန်များ ၀ိုင်းရံပါသော်လည်း ခြင်္သေ့သာလျှင် ဘုရင်ဖြစ်နေ
 ခြင်းမှာ သူ့တွင်ထူးခြာသော လက္ခဏာ ရှိနေသည်မှာ သေချာနေပါသည်။
         
ဆင်ကြီးသည် ခြင်္သေ့ထက် အစများစွာကြီးပြီး ခွန်အားရှိနေပါသော်ငြားလည်း ခြင်္သေ့ကိုကြောက်နေရသည်။
ဤသည်မှာ ထူးခြားပြီး အံ့သြစရာကောင်းလှသော အရာဖြစ်နေပါသည်။ လမ်းခုလတ်တွင် ခြင်္သေ့နဲ့ဆင် ကြီးတို့ တွေ့စုံသည့်အခါ အဘယ်ကြောင့် ဆင်ကြီးက ခြင်္သေ့ကို ကြောက်ပြီး ပြေးနေရတာလဲဆိုတာမေး ခွန်းထုတ်ဖို့ကောင်းသော အရာတစ်ခုဖြစ်ပါတယ်။ ဤသည်မှာ သူတို့တွင် မတူညီပဲ အင်မတန်မှ ကွဲလွဲ သော အတွေးအခေါ်ရှိနေကြခြင်းတို့ကြောင့် ဖြစ်ပါတယ်။
         
 ခြင်္သေ့သည် ဆင်ကြီးကိုတွေ့သောအခါ “ငါ၏အစာ (မနက်စာ၊နေ့လည်စာ၊ညစာ) လာနေပြီ”ဟုတွေးတော ပြီး ဆင်ကြီးကို ၀မ်းသာအားရ စောင့်ကြည့်နေပါသည်။ ဆင်ကြီးကတော့ ခြင်္သေ့ထက်အစပေါင်းများ စွာကြီး ပြီး ခွန်အားရှိနေပါသော်ငြားလည်းခြင်္သေ့ကို တွေ့သောအခါ “ငါ့ကို ၀ါးစားမည့်သူပါလား” ဆိုပြီး ဒူးတုန်ကာ ထွက်ပြေးဖို့ စဉ်းစားနေလေတော့သည်။ နောက်ဆုံး…..ဆင်ကြီးသည် ခြင်္သေ့၏ အစာဖြစ်သွားလေရတော့ သည်။ ကြီးထွားမှု၊ ခွန်အားရှိမှုနှင့် ရုပ်အင်္ဂါလက္ခဏာတို့ထက် အတွေးအခေါ်၊ အမြင်သည် အခြေအနေကို များစွာပြောင်းလဲ စေနိုင်သည်။
         
ယခုကမ္ဘာပေါ်မှာ ဦးနှောက်ကို ရောင်းစားနေတဲ့ လူတွေသာ အောင်မြင်မှု ရရှိနေကြသည်။ ဦးနှောက်ကို
ရောင်းစားသည်ဆိုရာတွင် Ideas ကိုဆိုလိုခြင်းဖြစ်သည်။ ဟိုး…တစ်ချိန်တုန်းက လက်ရုံးရည်နဲ့ပြည့်စုံ သူတို့သည် ဘုရင်မင်းကြီးကိုယ်တိုင် ပေးသနားတော်မူသော ရာထူးကြီးများကို ရရှိခဲ့ကြပြီး သွားလေရာ
နေရတိုင်းတွင် လူကြောက်၊ လူရိုသေ ခံခဲ့ကြသူများဖြစ်ခဲ့ကြသည်။ သို့ရာတွင် ယနေ့ … ခေတ်ပညာများ အမြင့်ဆုံးပြိုင်ဆိုင်နေသော ခေတ်ကြီးတွင် အတွေးအခေါ် (Idea) နိမ့်သူတို့သည် ကျန်ရစ်ခြင်းကို မု ချကြုံတွေ့ရကြသည်။ သင့်ရဲ့ဘ၀ရပ်တည်မှုသည် သင်ဘယ်လောက်တွေးတောနိုင်သလဲ၊ အဆင့် ဘယ်လောက်ရှိတဲ့ အတွေးအခေါ်များ (ideas) ကိုပိုင်ဆိုင်ထားသလဲ ဆိုသည့် အချက်တွင် မှီတွယ်နေပါသည်။ သင်သည် …………သင့်ဘ၀အတွက် စိတ်ကူး၊ အိမ်မက် မရှိလျှင် ဤအရာတို့ကို အကောင်အထည်ဖော်လာမည့် အတွေးအခေါ်ကောင်း (good Ideas) များကိုလုံးဝ ရရှိနိုင်မည်မဟုတ်ပေ။ အောင်မြင်သောဘ၀ကိုပိုင်ဆိုင်ထားလိုသူအတွက် သူပိုင်ဆိုင်လိုသောဘ၀မျိုးကို ကြိုတင်သိ (စိတ်ကူး၊ အိမ်မက်) ရှိနိုင်သူဖြစ်ရမည်။ သူ၏ စိတ်ကူး၊ အိမ်မက်များကို အတွေးအခေါ်ကောင်း (good ideas) များဖြင့်တည်ဆောက်နိုင်သူ ဖြစ်ရပါမည်။
SHARE

Author

Hi, Its me Hafeez. A webdesigner, blogspot developer and UI/UX Designer. I am a certified Themeforest top Author and Front-End Developer. I'am business speaker, marketer, Blogger and Javascript Programmer.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 Comments:

Post a Comment