ယနေ့မျက်မှောက်ခေတ် အိမ်ထောင်ရေးပြိုကွဲခြင်းရဲ့ နောက်ကွယ်မှာ လူမှုကွန်ယက်တွေဖြစ်တဲ့ facebook, twitter တို့က အဓိကတရားခံတွေဖြစ်နေကြောင်း လေ့လာမှုစစ်တမ်းတစ်ခုက ဖော်ထုတ်လိုက်ပါတယ်။
အိမ်ထောင်ပြိုကွဲမှု ပိုများလာတာဟာ ဒီလိုလူမှုကွန်ယက်တွေကြောင့် အဓိကဖြစ်နေကြောင်းကို
ရှေ့နေတွေက ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ အိမ်ထောင်ပြိုကွဲမှု ၇ ခုမှာ အနည်းဆုံး ၁ ခုလောက်က
သူတို့ခင်ပွန်း၊ ဇနီးသည်တွေရဲ့ facebook သုံးစွဲမှုကြောင့် ပြဿနာဖြစ်နေရပါတယ်။ ကိုယ့် ခင်ပွန်း၊ဇနီးသည်ရဲ့
လူမှုကွန်ယက်အကောင့်တွေကို ခြေရာခံရင်း ဖောက်ပြားမှုရှိ၊ မရှိ စုံစမ်းမှုတဆင့် အိမ်ထောင်ကွဲမှုတွေ ပိုမိုဖြစ်လာလျှက်ရှိကြောင်း လေ့လာမှု လုပ်ခဲ့တဲ့ ရှေ့နေတွေကဆိုပါတယ်။ ဒီလေ့လာချက်ကို Slater and Gordon ဆိုတဲ့ ရှေ့နေအတိုင်ပင်ခံ ကုမ္ပဏီတစ်ခုက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အိမ်ထောင်သည် အမျိုးသား၊ အမျိုးသမီးပေါင်း ၂၀၁၁ ဦးကို မေးမြန်းပြီးနောက် ဒီလိုအဖြေထွက်လာခဲ့တာဖြစ်ပါတယ်။
အိမ်ထောင်သည် ငါးဦးမှာ တစ်ဦးခန့်က သူတို့အိမ်ထောင်ဖက်တွေရဲ့ facebook အသုံးပြုမှုကြောင့် နေ့စဉ် စကားများ၊ ရန်ဖြစ်နေကြရကြောင်း ဝန်ခံထားကြပါတယ်။ ‘‘ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက facebook လို ဝက်ဘ်ဆိုက်တွေကတဆင့် ဒီပြဿနာတွေဖြစ်ခဲ့ကြတယ်။ ဒီနေ့ခေတ်မှာတော့ သိပ်တောင်မ ထူးဆန်းတော့ ပါဘူး’’ လို့ ရှေ့နေနယူးဘာရီက ပြောပါတယ်။ တစိမ်းများနဲ့ စကားပြောထားခြင်း၊ တဖက်သားကိုစွဲဆောင်တဲ့ပုံများတင်ခြင်းစတဲ့ လုပ်ရပ်တွေကြောင့် အိမ်ထောင်သည်တွေဟာ ကွာရှင်းတဲ့အထိ ဖြစ်လာကြရပါတယ်။
Ref: Social Action for Women - SAW
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)

0 Comments:
Post a Comment