Ads

Mother’s Day နေ့တစ်နေ့သာ Mother’s Day မဖြစ်ဖို့အရေးကြီး



Facebook ဖွင့်လိုက်တာနဲ့ Friends တိုင်းလိုလိုပင် သူတို့၏ မိခင်များပုံနဲ့ ရေးသားထားသောစာကြောင်း တစ်ကြောင်းစ၊ နှစ်ကြောင်းစတို့ကို ဖိတ်ရသည်မှာ ကြည်နူးစရာကောင်းလှပါသည်။ သို့ရာတွင် Mother’s Day တစ်ရက်တာအတွက်သာ မဖြစ်သင့်ကြောင်း အနည်းငယ်တိုက်တွန်းပြောဆိုလိုပါသည်။

မိခင်၏မေတ္တာဘယ်လောက်ထိကြီးမားကြောင်း ပြောစရာလိုတော့မည်မထင်။ လူတိုင်းလိုလို သိမြင်၊ နားလည်ကြပြီးဖြစ်ပါသည်။  အခရာအကျဆုံးမှာ သိမြင်၊ နားလည်ထားသောအရာကို အကောင်အထည် ဖော်နိုင်ဖို့ရန်ဖြစ်သည်။ ၂၀၁၅ Mother’s Day နေ့တွင် မိမိ၏မိခင်ကို ကျေးဇူးတင်စကားပြောကြားရင်းနှင့် မိခင်၏ကျေးဇူးကို နေ့စဉ်နေ့တိုင်းဘယ်လို  ကျေးဇူးဆပ်ပါမည်ဆိုသော ဆုံးဖြတ်ချတစ်ခု ချမှတ်ပြီး မိခင်ကို ကတိပေးသင့်တယ်လို့ ထင်မြင်ယူဆမိပါသည်။

စာလုံးလှလှများနဲ့ အမေ့ရဲ့ဓါတ်ပုံကို Facebook ပေါ်တင်ရုံမျှမဟုတ်ဘဲ မိခင်၏ကျေးဇူးကို ဘယ်လိုနည်းနဲ့ အခုချိန်ကဆပ်ပါမည် ဟူသောဆုံးဖြတ်ချက်ချသင့်ပါသည်။ တစ်ယောက်နဲ့တစ်ယောက် တူမှာတော့မဟုတ် ပေ။ အဓိကမှာ ဆုံးဖြတ်ချက်ချပြီး အကောင်အထည်ဖော်ရန်ဖြစ်သည်။

မိတ်ဆွေတို့။      ။ သင့်မိခင်ရဲ့ကျေးဇူးများကို ဒီကနေ့ကနေစပြီး နေ့စဉ်နေ့တိုင်း ကျေးဇူးဆပ်နိုင်အောင် ဆုံးဖြတ်ချက်များချပြီး အကောင်အထည်ဖော်နိုင်သော မိခင်ရဲ့ သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။ 


SHARE

Author

Hi, Its me Hafeez. A webdesigner, blogspot developer and UI/UX Designer. I am a certified Themeforest top Author and Front-End Developer. I'am business speaker, marketer, Blogger and Javascript Programmer.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 Comments:

Post a Comment