Ads

လမ်းဖြတ်ကူးတဲ့သူတွေနဲ့ ကားမောင်းတဲ့သူတွေကို သိစေချင်



အားလုံးသိကြတဲ့အတိုင်း ရန်ကုန်မြို့မှာ ကားအရေအတွက်များလာတဲ့နဲ့ ယာဉ်ကျောပိတ်ဆိုမူတွေ၊ မတော်တဆထိ ခိုက်မှုတွေ တဖြည်းဖြည်းများပြားလာပါတယ်။ ကားမောင်းတဲ့သူတွေပဲ ဒုက္ခရောက်တာမဟုတ်ပဲ လမ်းဖြတ်ကူးတဲ့ လူတွေပါဒုက္ခရောက်နေရပါတယ်။ သိကြတဲ့အတိုင်း ရန်ကုန်မြို့မှာ လမ်းကူးတံတားတွေနည်းပါးလှပါတယ်။ လမ်းကူး တံတားမရှိတဲ့နေရာမှာ လမ်းကူးရတာ အလုပ်တစ်ခုဖြစ်နေပါတယ်။ လမ်းကူး တံတားတွေနည်းတဲ့ကြားထဲ လမ်းကူးတံ တားရှိတဲ့နေရာတွေမှာ လူတွေက အပျင်းထူပြီးတံတားပေါ်ကနေမကူးချင်ကြပါဘူး။ လမ်းကူးတဲ့သူနဲ့ ယာဉ်မောင်း တဲ့သူကြားထဲမှာလည်း နားလည်မှုတွေလွဲမှားနေကြပါတယ်။ လမ်းကူးတဲ့လူတွေနဲ့ ယာဉ်မောင်းသူတွေကို အနည်းငယ် အသိပေးချင်လို ဒီစာကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။


ရန်ကုန်မြို့မှာကားမောင်းနေတဲ့လူတော်တော်များများက လမ်းဖြတ်ကူးနေတဲ့သူအတွက် လုံးဝမစဉ်းစားတတ်ဘူး။ မောင်းမယ်ဆိုတာချည်းပဲ ဖြစ်နေပါတယ်။ တစ်ချို့ကားသမားတွေဆိုရင် လူကူးမျဉ်းကျားကိုတောင် မရှောင်ပဲ ဇွတ်မောင်းနေကြတော့တာပါပဲ။ လမ်းဖြတ်ကူးနေတဲ့လူတွေက တစ်ယောက်နဲ့တစ်ယောက်မတူကြဘူး။ နေ့စဉ်လမ်း ဖြတ်ကူးနေသူများတွင် သာမာန်လူများရှိသလို ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးများ၊ မျက်လုံးမကောင်း သူများ၊ လမ်းမြန်မြန်မလျှောက်နိုင်သူများ၊ ကိုယ်လက်အင်္ဂါမပြည်စုံသူများ အစရှိသည်တို့ဖြစ်ကြပါတယ်။ ယာဉ်မောင်း များကို အသိပေးချင်တာကတော့ လမ်းဖြစ်ကူးမည့်လူတွေကို အခြေအနေပေါ်မူတည်ပြီးဦးစားပေးကြပါ ဆိုတာလေးပါ။ ကိုယ့်ရှေ့မှာ လမ်းဖြတ်ကူးနေတဲ့လူတွေရှိရင် အရှိန်ကိုနည်းနည်းလျှော့ပြီးမောင်းပေးသင့်ပါတယ်။ လမ်းဖြတ်ကူးနေတဲ့ လူတွေကလည်း တံတားတွေမရှိလိုဒီလမ်းမပေါ်မှာပဲ ဖြတ်ကူးနေရခြင်းဖြစ်တယ်ဆိုတာလည်း ခေါင်းထဲမှာမှတ်ထားစေ ချင်တယ်။ သူတို့ထက်အလျှင် လမ်းဦးအောင်မောင်းမယ်ဆိုတဲ့ စိတ်ထားလေးတွေကို လျှော့သင့်တယ်လို့ ပြောပါရစေ။ စက္ကန့်ပိုင်းလောက်သာ အရှိန်လျှော့မောင်းပေးတာနဲ့ ဘာဆုံးရှုံးမူမရှိပါဘူး။ လူကိုတိုက်မိမှသာ မလိုလားအပ်တဲ့ပြသနာ တွေပေါ်လာမှာဖြစ်ပါတယ်။ လိုင်းကားမောင်းနေသူများလည်း လူတစ်ယောက်၊ နှစ်ယောက်ရဖို့ ပြိုင်းမောင်းနေမဲ့အစား ကားကို ပုံမှန်လေးမောင်းပေးတာက ပိုပြီးတော့လုံခြုံမှုရှိတယ်ဆိုတာကို မမေ့စေချင်ဘူး။  

    
လမ်းဖြတ်ကူးနေတဲ့လူတွေအနေနဲ့လည်း သတိထားပြီးကူးသင့်ပါတယ်။ မောင်းလာတဲ့ကားရဲ့အရှိန်ကိုမှန်းပြီး လမ်းကူး သင့်မကူးသင့်ကို စဉ်းစားရမှာဖြစ်ပါတယ်။ ငါလမ်းကူးမယ်ဟေ့…ဆိုပြီး အခြေအနေကိုမကြည့်ပဲ ကူးမယ်ဆိုရင် မလိုလားအပ်တဲ့ ပြသနာများကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လမ်းကူးတံတားရှိတဲ့နေရာမှာ လမ်းကူးတံပေါ်ကနေပဲ ကူးကြပါလို့ အသိပေးချင်ပါတယ်။ မျဉ်းကျားရှိတဲ့နေရာမှာ မျဉ်းကျားကနေပဲကူးပါ။ 



SHARE

Author

Hi, Its me Hafeez. A webdesigner, blogspot developer and UI/UX Designer. I am a certified Themeforest top Author and Front-End Developer. I'am business speaker, marketer, Blogger and Javascript Programmer.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 Comments:

Post a Comment