Ads

အသက်တာအားဖြင့် ပြကြပါစို့



ဒီနေ့အလုပ်ကိစ္စတစ်ခုကြောင့် မြို့ထဲကို Bus ကားနဲ့သွားခဲ့ပါတယ်။ ရှေ့ဆုံးမှာထိုင်ခုံလွတ်နေဒါနဲ့သွားထိုင်လိုက်ပါ တယ်။ ကားဆရာကတော့ လူငယ်တစ်ယောက်ပါပဲ။ လူငယ်ပီပီ ကားမောင်းတာလည်း အရမ်းကြမ်းတယ်။ မုန်တိုင်း တိုက်နေတဲ့အချိန် လှေငယ်လေးတစ်စီး စီးရသလိုပါပဲ။ ဟိုဘက်ယိုင်လိုက်……ဒီဖက်ယိုင်လိုက်နဲ့ ခေါင်းကိုမှုးနေတာပဲ။ အရှိန်ကလည်း အိမ်သာအရေးတကြီးတက်ချင်နေသလားလို့ ထင်ရလောက်အောင် မောင်းနေခဲ့ပါသည်။ သူ၏အပေါ် မှာ ကပ်ထားတဲ့စာသားတွေနဲ့တော့ တခြားစီပဲ။ ကပ်ထားတဲ့ စတေကာစားသားတွေကတော့ (၁) ခရီးသည်၏အသက် သည် သင့်၏လက်ထဲတွင်ရှိသည်၊ (၂) ဘယ်သူမှားမှားကိုယ်ကရှောင်တတ်ဖို့ရန်အရေးကြီး၊ (၃) အန္တရာယ်ကင်းစွာ မောင်းနှင်ရမည်၊ (၄) သင်၏အိမ်အပြန်ကို သင့်မိသားစုကစောင့်မြော်နေပါသည် အစရှိသည်တို့ဖြစ်ပါတယ်။ ကပ်ထား တဲ့ စာတွေနဲ့ သူမောင်းတဲ့ပုံကတော့ တခြားစီပါပဲ။ သူလိုကားသမားတွေကြောင့် အသက်ဆုံးရှုံးတဲ့လူတွေကလည်း ရန်ကုန်မြို့မှာ မနည်းတော့ပါဘူး။ 

လူသားတစ်ယောက်အနေဖြင့် ဆောင်ပုဒ်များများထားဖို့ထက် လိုက်နာမှုကပိုမိုအရေးကြီးတယ်လို့ ပြောလိုပါတယ်။ စည်းကမ်းဘယ်လောက်ကောင်းကောင်း လိုက်နာမှုမရှိရင် အလားကားပါပဲ။ စည်းကမ်း၊ ဆောင်ပုဒ်တွေက လူတွေကို ထိန်းသိမ်းရမှာ မဟုတ်၊ လူတွေကသာ ထိုအရာများကို ထိန်းသိမ်းလိုက်နာရမည်ဖြစ်သည်။
ခရစ်ယာန်တစ်ယောက်အနေဖြင့်လည်း သမ္မာကျမ်းစာကို ဘယ်လောက်ကောင်းတယ်ပြောပြော၊ ဘယ်လောက်မှန် တယ်ပြောပြော ထိုကျမ်းတွင်ဖော်ပြထားသောအရာများကို အသက်တာအားဖြင့် သက်သေမပြနိုင်လျှင် အရာမရောက် ပေ။ ပါးစပ်က ဘုရား…ဘုရား…ဘုရား၊ လက်ကတော့ ကားရား……ကားရား….ကားရား ဆိုတဲ့အသက်တာ မျိုးသည် ခရစ်ယာန်အသက်တာမဟုတ်ပေ။ ခရစ်တော်ကိုယ်တော်တိုင် အသက်တာဖြင့် ပြခဲ့သည်အတိုင်း လက်ရှိယုံကြည်သူ များတို့သည် ထိုကဲ့သို့ပင် ဖြစ်နေရမည်ဖြစ်ပါသည်။

အသင်းတော်ထဲတွင် ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်းအရာတို့တွင် အပြစ်ပြောစရာမရှိပေမယ့် သူလောက်အသင်း တော်ထဲတွင် အတင်းပြောတတ်သူ၊ ပြသနာရှာတတ်သူ မရှိတဲ့ လူများရှိတတ်ကြပါသည်။ ဆုတောင်းခြင်း၊ ကျမ်းစာဖတ် ခြင်းတို့ကို အပြစ်ပြောနေခြင်းမဟုတ်။ သူတို့၏ အသက်တာကိုပြောနေခြင်းဖြစ်ပါသည်။ ကျမ်းစာကို ဖတ်ရုံသာဖတ်ပြီး အသက်တာတွင် ပြောင်းလဲမှုမရှိလျှင် ထိုသူသည်ကျမ်းစာကို အပျင်းပြေသဘောလောက်သာ ဖတ်သည်ဟု ဆိုရပေမည်။ ဆုတောင်းခြင်းလည်း ဤအတိုင်းဖြစ်သည်။ 

သမ္မာကျမ်းစာထဲက ကျမ်းပိုဒ်များကို နံရံပေါ်တွင် ကပ်ထားပြီး လုပ်ချင်တာတွေ လုပ်နေတဲ့ယုံကြည်သူများလည်း အများကြီးပါ။ အမြင်ကောင်းအောင် Facebook ပေါ်မှာ ကျမ်းစာနဲ့ပတ်သက်သော၊ ဘုရားသခင်နဲ့ ပတ်သက်သော စာများကို Post ပြီး ကိုယ်ကတော့ ဖြစ်ချင်သလိုဖြစ်နေတဲ့လူတွေကလည်း ရေတွက်လို့ကုန်မည်မဟုတ်ပေ။ ဒီကျမ်းပိုဒ် ကငါ့အတွက်မဟုတ်ဘူး သူအတွက်ဆိုတဲ့ လူတွေကလည်း တန်းစီနေကြပါတယ်။ စင်စစ် နှုတ်ကပတော်ဆိုသည်မှာ မိမိအထဲတွင် အရင်စီးဝင်ပြီးမှ လျှံထွက်လာတဲ့အရာများကို သူတစ်ပါးအားမျှဝေခြင်းကသာ ထိရောက်သည်။ နှုတ်ကပတ်တော် (သမ္မာကျမ်းစာ) ကောင်းပြီး အသက်တာမကောင်းသောယုံကြည်သူတစ်ယောက်မဖြစ်ရန် နှုတ်ကပတ်တော်နဲ့အညီ အသက်ရှင် နေထိုင်ကြပါစို့။ ယုံကြည်သူတစ်ယောက်ဖြစ်ကြောင်းကို အသက်တာအားဖြင့် ပြကြပါစို့။ 


SHARE

Author

Hi, Its me Hafeez. A webdesigner, blogspot developer and UI/UX Designer. I am a certified Themeforest top Author and Front-End Developer. I'am business speaker, marketer, Blogger and Javascript Programmer.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 Comments:

Post a Comment