ထာဝရဘုရားက မောရှေအား အဲဂုတ္တုပြည်သို့စေလွတ်ရခြင်း၏အဓိကအကြောင်းရင်းမှာ က္ကုသရေလလူမျိုးများကို ခေါ်ထုတ်ပြီး သူတို့၏ဘိုးဘွားတို့ကို ကတိပေးထားသော ခါနန်ပြည်သို့ပို့ဆောင်ရန်ဖြစ်သည်။ ဒါပေမယ့် စဉ်းစားစရာ အချက်တစ်ခုကတော့ အဲဂုတ္တုပြည်ကနေ က္ကုသရေလလူမျိုးတွေကို မောရှေက ဘာကြောင့်ချက်ခြင်းမခေါ်ထုတ်ရသ လဲ။ ဘုရားသခင်မှာရော ဘာရည်ရွယ်ချက်တွေရှိနေခဲ့သလဲ။ က္ကုသရေလလူတို့သည် အဲဂုတ္တုပြည်တွင် ကပ်ဘေး (၁၀) မျိုးကျရောက်ပြီးမှ ထွက်ခွါခွင့်ရရှိခဲ့ကြသည်။ အကြောင်းရင်းမှာ အဲဂုတ္တုပြည်ရှိ ဘုရားများကို ထာဝရဘုရားက တရား စီရင်လိုသောကြောင့်ဖြစ်သည် (ထွက် ၁၂း၁၂)။ မောရှေခေတ်က အဲဂုတ္တုလူတို့တွင် ဘုရားပေါင်းမြောက်များစွာရှိခဲ့ ကြသည်။ ပညာရှင်များ၏အဆိုအရ ဘုရားပေါင်းထောင်နဲ့ချီရှိခဲ့သည်ဟု ဆိုကြ၏။ ဘုရားသခင်သည် အဲဂုတ္တုလူတို့၏ ဘုရားများကို ကပ်ဘေးဆယ်မျိုးဖြင့် တရားစီရင်ခဲ့ပါသည်။ ထာဝရဘုရားသာလျှင် စစ်မှန်တဲ့ဘုရားဖြစ် ကြောင်းပေါ် လွင်စေရန်ဖြစ်သည်။
၁။ သွေးကပ်ဘေး (ထွက် ၇း၁၄ - ၂၅)
အဲဂတ္တုပြည်တွင် လူများနေထိုင်နိုင်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ နိုင်း (Nile) မြစ်ကြောင့်သာဖြစ်ပါသည်။ ဤမြစ်ကြီးသည် အဲဂုတ္တုပြည်၏ စိုက်ပျိုးရေးအတွက် အဓိကလိုအပ်သောရေများပံ့ပိုးပေးသလို တိရိစ္ဆာန်များ ကျက်စားနေထိုင်ဖို့ရန် လိုအပ်သောစားကျက်မြေများကို ဖန်တီးပေးလျက်ရှိပါသည်။ သောက်ရေအဖြစ်လည်း အသုံးပြုခဲ့ကြသည်။ ထို့ပြင်မြစ်ထဲက ငါးတို့သည် လူတို့စားစရာအဖို့ဖြစ်လေ၏။ ထို့ကြောင့် Nile မြစ်ကြီးသည် အဲဂုတ္တုမှာနေထိုင်သူများ၏ အသက်သွေးကြောဖြစ်ပါသည်။ ဤမျှလောက်အရေးပါသောမြစ်ကြီးကြောင့် ယုံကြည် သက်ဝင်မှုအမျိုးမျိုးပေါ်ပေါက် လာသည်ဟု ဆိုရပေမည်။ အဲဂုတ္တုလူတို့ ကိုးကွယ်သောဘုရားအား လုံးနီးပါးသည် ဤမြစ်ကြီးကို အခြေခံထားလျှက်ရှိသည်။
အဲဂုတ္တုလူတို့သည် Hapi ဘုရားကို နိုင်း (Nile) မြစ်၏၀ိညာဉ် “spirit of the Nile” ဟုထင်မြင်ယူဆကြသည်။ Nile မြစ်မှရရှိသောအရာမှန်သမျှတို့သည် Khnum ဘုရားအားဖြင့်ဖြစ်ပေါ်လာသည်ဟု ယုံကြည်ကြပြီး လူတွေကိုဖန် ဆင်းသောဘုရားဖြစ်သည်ဟုလည်း ယုံကြည်ကြသည်။ မြေအောက်တွင်တည်ရှိသောဘုရားကို Osiris ဘုရားဟု ခေါ်ဆိုကြပြီး Nile မြစ်သည် သူ၏အသွေးစမ်းတွင်းမှ စီးထွက်လာခြင်းဖြစ်သည်ဟု ယုံကြည်ကြပါသည်။ Tauret သည်မြစ်ကြီး၏ ဘုရားမဖြစ်ပြီး Nile မြစ်၏အကြီးဆုံးငါးဖြစ်ကာ မြစ်ထဲမှငါးအားလုံး၏အရှင်သခင်ဖြစ်သည်ဟု ယုံ ကြည်ကြပါသည်။ Sepek ဘုရားသည် မိကျောင်းပုံ သဏ္ဌာန်ဖြစ်သည်ဟု ယူဆကြပြီး သူအတွက်ဗိဗ္မာန်ကို Thebes ဒေသတွင် တည်ဆောက်ပေးကြသည်။
ထာဝရဘုရား၏အမိန့်ဖြင့် မောရှေနဲ့အာရုန်တို့က နိုင်းမြစ်ကြီးကရေတွေကို သွေးအဖြစ်ပြောင်းလဲလိုက်ချိန်တွင် အဲဂုတ္တုလူတို့သည် သူတို့ကိုးကွယ်သောဘုရားများထံ ရေကိုသန့်စင်ပေးရန် အကူအညီတောင်းပါလိမ့်မည်။ သို့သော် ပြောင်းလဲခြင်းမရှိပဲ နိုင်းမြစ်ထဲကရေသာမက အဲဂုတ္တုနိုင်ငံတွင် ရှိရှိသမျှသောရေတို့သည် သွေးအဖြစ်ပြောင်းလဲသွား သည်။ ဤအရာကို ကြည့်ဖြင်းအားဖြင့် ထာဝရဘုရား၏အမိန့်ကို အန်တုနိုင်သောဘုရား (၀ါ) လူမရှိကြောင်း ထင်ရှား လှပါသည်။
ထာဝရဘုရားက မောရှေနဲ့အာရုန်ကိုအမိန့်ပေးပြီး Nile မြစ်ထဲကရေနဲ့ အဲဂုတ္တုနိုင်ငံအထဲတွင်ရှိသမျှသော
ရေတို့ကို သွေးအဖြစ်ပြောင်းလဲစေခြင်းသည် Nile မြစ်နဲ့သက်ဆိုင်သောအဲဂုတ္တုဘုရားများအပေါ် တရားစီရင်ခြင်းဖြစ်ပါသည်။ ထာဝရဘု ရားထက်တန်ခိုးကြီးသောဘုရားများ မရှိကြောင်းသက်သေပြလိုက်ခြင်းဖြစ်ပါသည်။ အဲဂုတ္တုလူတွေ ရဲ့ဘုရားများထက် က္ကုသရေလလူတို့ကိုးကွယ်သောဘုရားသည် သာ၍ကြီးမြတ်ကြောင်းထင်ရှားစေခြင်းဖြစ်ပါသည်။ (ဆက်ရန်)
ကိုးကား
Cory Baugher. Yahweh Versus the gods of Egypt, 2007.

0 Comments:
Post a Comment