Ads

အာဗြဟံ



အာဗြဟံ၏ ပထမနာမည်မှာ အာဗြံဖြစ်သည် (က ၁၁း၂၆၊ ၁၂း၁)။ ဘုရားသခင်သည် သူ့အားများစွာသော လူမျိုးတို့၏ အဘအရာတွင်ခန့်ထားတော်မူခြင်းအားဖြင့် အာဗြဟံဟုပြောင်းလဲခေါ်ဆိုစေခြင်းဖြစ်သည် (က ၁၇း၅)။ အာဗြဟံ သည် တေရ၏သားဖြစ်ပြီး ရုပ်ထုကိုးကွယ်သော မိသားစုမှ ပေါက်ဖွားကြီးပြင်းလာသူ ဖြစ် ပါသည် (က ၁၁း၂၆၊ ယေရှု ၂၄း၂)။ အာဗြဟံတွင် မွေးချင်းနှစ်ယောက် နာခေါ်နှင့်ခါရန်တို့ရှိသည် (က ၁၁း၂၆)။ 

အာဗြဟံ၏မယားသည် စာရဲဖြစ်၏ ဖအေတူမအေကွဲ ညီမတော်သူဖြစ်သည် (က ၂၀း၁၂)။ စာရဲသည် အ ဆင်းလှသူဖြစ်သည် (က ၁၂း၁၁၊ ၁၄)။ အဆင်းလှသော်လည်း မြူ  (ကိုယ်ဝန်မဆောင်နိုင်) သော အမျိုး သမီးဖြစ်သည်။ ဘုရားသခင်သည် အာဗြဟံ၏မယား စာရဲကိုလည်း စာရာဟုပြောင်းလဲခေါ် ဆိုစေခဲ့သည် (က ၁၇း၁၅)။ 

အာဗြဟံသည်ရုပ်ထုကိုးကွယ်သောမိသားစုမှ ပေါက်ဖွားလာသူဖြစ်သော်လည်း ဘုရားသခင်၏ရွေးချယ်ခြင်း အားဖြင့် ဘုရားသခင်၏လူဖြစ်လာပြီး မိမိနေထိုင်ရာပြည်မှ ခါနာန်ပြည်သို့ ထွက်ခွာသွားရန် ဘုရားသခင်၏ အမိန့်ကို ရရှိခဲ့ပါသည် (က ၁၂း၁-၃)။ ထို့နောက်.... အာဗြဟံသည် သူနှင့်အတူ သူ၏မယား စာရာ  ၊ တူ လောတ၊ အစေအပါးတို့နှင့် မိမိတွင်ရှိသော တိရိစ္ဆာန်များနှင့်အတူ ခါရန်မြို့မှ ခါနာန်ပြည်သို့ ထွက်ခွာသွား ကြပါသည် (က ၁၂း၅)။ အာဗြဟံသည် ခါရန်မြို့မှ ထွက်ခွာသွားစဉ် အသက် ၇၅ နှစ်ရှိနေပြီဖြစ်ပါသည်။ သူ၏မယားစာရာသည် အသက် ၆၅ နှစ်ဖြစ်သည်။ 

အာဗြဟံသည် အစားခေါင်းပါးခြင်းကြောင့် အဲဂုတ္တုပြည်တွင် သွားရောက်ခိုလှုံခဲ့သည် (က ၁၂း၁၀)။ မိမိမ ယားအဆင်းလှသောကြောင့် အဲဂုတ္တုလူတို့သူ့အားသတ်ပြီး သူ့မိန်းမကို လုယူမှာကြောက်သောကြောင့် စာရာကို မိမိ၏ညီမအဖြစ်ပြောစေခဲ့သည်။ ဖာရောဘုရင်သည် စာရာကိုတွေ့သောအခါ အလွန်တရာနှစ် သက်သည်ဖြစ်၍ မိမိ၏မယားအဖြစ်မြှေက်ကာ၊ အာဗြဟံကိုလည်း ကောင်းစွာပြုစုကာ လက်ဆောင်များကို လည်း ပေးအပ်ချီးမြှင့်လိုက်သည်။ သို့သော်…ထာဝရဘုရားသခင်သည် ဖာရောဘုရင်ထံစကားပြောကာ စာရာကို အာဗြဟံလက်သို့ပြန်အပ်ရန် အမိန့်ပေးလိုက်သည်။ ဖာရောဘုရင်သည်လည်း ထာဝရဘုရား၏ မိန့် ဆိုသည့်အတိုင်း စာရာကိုအာဗြဟံလက်သို့ပြန်အပ်ကာ တိုင်းပြည်မှထွက်စေခဲ့ပါသည်။ အာဗြဟံသည် ဖာ ရောဘုရင်ထံတွင်သာ ဤသို့လုပ်ဆောင်ခဲ့ခြင်းမဟုတ်ပဲ ဂေရာမင်းကြီး အဘိမလက် ထံတွင်လည်း လုပ်ဆောင်ခဲ့ပါသည် (က ၂၀း၂)။  

ထာဝရဘုရားက အာဗြဟံအားလူမျိုးကြီးဖြစ်စေမည်ဟု ကတိပေးထားသော်လည်း ခါရန်မှ ခါနာန်ပြည်သို့ ထွက်ခွာသွားပြီး နှစ်တော်တော်ကြာသည့်အထိ ကလေးမရရှိနိုင်သေးပေ။ စာရာသည်ကလေးမရနိုင်သည့် အတွက် သူ၏ကျွန်မဖြစ်သော ဟာဂရကို အာဗြဟံနှင့်အိပ်စေကာ က္ကုရှမေလ ကိုဖွားမြင်ခဲ့ပါသည်။ ထိုအချိန် တွင် အာဗြဟံသည် အသက် ၈၆ နှစ်ရှိနေပြီဖြစ်ပါသည် (က ၁၆း၁၆)။ 

ထာဝရဘုရားသခင်သည် အာဗြဟံကိုခေါ်၍ ပဋိညာဉ်သစ်ကို ပေးခဲ့သည်။ ပဋိညာဉ်သစ်ကား ယောင်္ကျား တိုင်း အရေဖျားလှီးခြင်းမင်္ဂလာကို ခံရမည်ဟူ၍ဖြစ်ပါသည် (က ၁၇း ၁၀-၁၂)။ အာဗြဟံသည် အရေဖျားလှီး ခြင်းမင်္ဂလာကို ခံယူစဉ် အသက် ၉၉ နှစ်အရွယ်ရှိနေပြီး၊ သားက္ကုရှမေလသည် အသက် ၁၃ နှစ်ဖြစ်သည် (က ၁၇း၂၄-၂၅)။

အာဗြဟံသည် မိမိမယားစာရာ၏ အစီအစဉ်ဖြင့် ကျွန်မဟာဂရနှင့် သားယောင်္ကျားလေး က္ကုရှမေလကို ဖွား မြင်သော်လည်း ထိုသားအားဖြင့် လူမျိုးကြီးဖြစ်လာမည်ဟု ထာဝရဘုရား မဆိုလို၊ သူ၏မယား စာရာ အားဖြင့်ရသော သားအားဖြင့်သာ လူမျိုးကြီးဖြစ်လာမည်ဟု ဘုရားသခင်က သူ့အားရှင်းပြသည် (က ၁၇း ၁၉)။ ထာဝရဘုရား၏ ကတိတော်အတိုင်း အာဗြဟံ အသက် ၁၀၀ ပြည့်သောအခါ စာရာသည် ပဋိသ န္ဓေစွဲယူ၍၊ သားယောင်္ကျားလေးမွေးဖွားမြင်ကာ က္ကုဇက်ဟု အမည်ပေးကြသည် (က ၂၁း၁-၅)။

ဘုရားသခင်သည် အာဗြဟံအား စုံစမ်းခြင်းငှာ၊ သူ၏သား က္ကုဇက်ကို မီးရှိုရာယဇ်အဖြစ် ပူဇော်ရန်တောင်းဆို ခဲ့သည်။ အာဗြဟံသည် ဘုရားသခင်၏စကားတော်ကို နားထောင်ခြင်းအားဖြင့် သူ၏သားကို ပူဇော်ရန် မောရိပြည်ရှိတောင်ပေါ်သို့ က္ကုဇက်နှင့်အတူ ငယ်သားနှစ်ယောက် တို့ကို ခေါ်ဆောင်ကာထွက်ခွာသွားခဲ့ပါ သည်။ သို့သော် ထာဝရဘုရားသခင်သည် အာဗြဟံ၏ နာခံခြင်းအသက်တာကို ထောက်ရှု၍ သားက္ကုဇက်အ စား သိုးကိုမီးရှိုရာယဇ်အဖြစ်ပေးလိုက်ပါသည် (က ၂၂)။

စာရာသည် အသက် ၁၂၇ နှစ်ရောက်သော် အသက်ချုပ်၍ အနိစ္စရောက်လေသည်။ စာရာ ကွယ် လွန်ပြီး နောက် အာဗြဟံသည် ကေတုရနှင့် စုံဖက်၍ ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ က္ကုရှဗက် နှင့် ရုအာ တို့ကို ဖွား မြင်ခဲ့ပြီး၊ အသက် ၁၇၅ နှစ်ရောက်သော် အနိစ္စရောက်လေသည် (က ၂၅း၁-၇)။   


SHARE

Author

Hi, Its me Hafeez. A webdesigner, blogspot developer and UI/UX Designer. I am a certified Themeforest top Author and Front-End Developer. I'am business speaker, marketer, Blogger and Javascript Programmer.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 Comments:

Post a Comment