Ads

မောရှေ

မောရှေသည် အာမရံနှင့် ယောခေဗက်တို့၏ သားသမီးသုံးဦးအနက် အငယ်ဆုံးသောသူဖြစ်ပါသည် (ထွက် ၆း၂၀၊ ၅ရာ ၆း၁-၃)။ အာရုန်၏ညီ၊ မိရိအံ၏မောင်ဖြစ်သည်။ မောရှေသည် အာရုန်ထက် သုံးနှစ်မျှငယ်သူဖြစ်သည် (ထွက် ၇း၇)။ လေ၀မျိုးနွယ်စုမှဆင်းသက်လာသူ ဖြစ်ပါသည်။ မောရှေ၏ နာမည်သည် ဟေဗြဲစကားအားဖြင့် Moseh ဖြစ်ပြီး၊ ရေထဲမှဆယ်ယူရသောသူ (၀ါ) ဆယ်ယူခြင်း ဟူ၍ အဓိပ္ပါယ်ရောက်ပါသည်။ 


မောရှေ၏အသက်တာကို သုံးပိုင်းအဖြစ်ခွဲခြားနိုင်သည်။ ပထမအပိုင်းကတော့ အဲဂုတ္တုပြည်တွင် မွေးဖွားကြီးပြင်းလာခြင်းနှင့် မိဒျန်ပြည်သို့ ထွက်ခွာသွားခြင်း၊ ဒုတိယအပိုင်းမှာ မိဒျန်ပြည်တွင် နေထိုင်ခဲ့ခြင်းနှင့် က္ကုသရေလလူမျိုးများအတွက် အဲဂုတ္တုပြည်သို့ ပြန်လာခြင်း၊ နောက်ဆုံးအပိုင်း ကတော့ က္ကုသရေလူမျိုးများကို အဲဂုတ္တုပြည်မှ ခါနာန်ပြည်သို့ ရောက်ရှိရန် ဦးဆောင်ခဲ့ခြင်း (သူ ကိုယ်တိုင်ခါနာန်ပြည်သို့ မ၀င်ခဲ့ပါ)။ ဤအပိုင်းသုံးပိုင်းတို့သည် နှစ်ပေါင်းလေးဆယ်စီကြာရှည် သော အပိုင်းများဖြစ်ကြပါသည်။


မောရှေမွေးဖွားချိန်တွင် မိဘများက သူ့အားသုံးလခန့် ၀ှက်ထားကြရသည်။ အကြောင်းမှာ ထိုအ ချိန်က အဲဂုတ္တုပြည်တွင် က္ကုသရေလူမျိုးများမှ မွေးဖွားလာသော သားယောင်္ကျားလေးများကို မွေး ဖွားချိန်တွင် တစ်ခါတည်းအသေသတ်ရမည်ဟူသော ဖာရောဘုရင်၏ အမိန့်ကြောင့်ဖြစ်ပါသည် (ထွက် ၁း၁၆)။ ထို့သို့ဖာရောဘုရင်က အမိန့်ပေးရခြင်းမှာလည်း က္ကုသရေလူမျိုးတို့သည် ဘုရားသ ခင်က အာဗြဟံထံ ကတိထားတော်မူသည်အတိုင်း သူတို့ကိုကောင်းကြီးပေးသဖြင့် လူဦးရေတိုးပွား လာခြင်းကြောင့်ဖြစ်သည်။ နောင်တစ်ချိန်တွင် အခြားသူတွေနဲ့ပူးပေါင်းပြီး ဖာရောဘုရင်ကို ပုန်ကန် လာကာ တိုင်းပြည်မှထွက်ခွာသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည် (ထွက် ၁း၁၀-၁၁)။ ထိုသို့ ဖြစ်လာလျှင် ဖာရောဘုရင်အတွက် ခိုင်းစရာကျွန်များ ရှားပါးသွားမည်ဖြစ်သောကြောင့်ဖြစ်သည်။   


ဖာရောဘုရင်က ၀မ်းဆွဲမများအား မွေးကင်းစ က္ကုသရေလကလေးများကို သတ်ပစ်ရန်အမိန့်ပေး သော်လည်း ၀မ်းဆွဲမတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့် ဘုရင်၏အမိန့်ကို လိမ္မာပါး နပ်စွာ ဆန့်ကျင်ခဲ့ကြသည် (ထွက် ၁း၁၇-၁၉)။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် သူတို့နှင့်တကွမိ သားစုဝင်တို့သည် ဘုရားသခင်၏ကောင်းကြီးကို ခံရကြသည် (ထွက် ၁း၂၁)။ မောရှေလည်း မွေး ဖွားလာပြီး သုံးလလုံးလုံးဝှက်ထားခြင်းကို ခံခဲ့ရသည် (ထွက် ၂း၂)။


မောရှေအားမိသားစုဝင်များက သုံးလလုံးလုံးဝှက်ထားနိုင်ကြသော်လည်း၊ ဖာရောဘုရင်၏အမိန့် သည် တည်ဆဲဖြစ်နေသောကြောင့် အိမ်တွင်ဝှက်မထားနိုင်ကြတော့ပဲ ဂမာကိုင်းဖြင့် ရက်လုပ်ပြီး ရေညှိနှင့်သစ်စေးကိုသုတ်လိမ်းထားသောပုခက်ထဲတွင် မောရှေကိုထားပြီး နေးလ်(Nile) မြစ်ကမ်း နားရှိ ကိုင်းတော၌ ထားလိုက်ကြပြီး၊ သူ၏အမ မိရိအံက စောင့်ကြည့်နေခဲ့သည် (ထွက် ၂း၃-၄)။ ဖာရော ဘုရင်၏သမီးသည် ရေချိုးဖို့ရန်အလို့ငှာ မြစ်သို့ရောက်လာသောအခါ မောရှေကိုထည့် ထားသော ပုခက်ကိုတွေ့သောကြောင့် ကျွန်မကိုယူစေပြီး ထိုပုခက်ထဲတွင် ငိုနေသောမောရှေကို မြင်လေသော် သူ့အပေါ်တွင်ကရုဏာစိတ် သက်ဝင်သွားသည်။ ထိုအချိန်ကို အမဖြစ်သူက ကောင်း စွာ အသုံးပြုခြင်းဖြင့် ဖာရောဘုရင်၏သမီးအား ကလေးသူငယ်ကို ထိန်းကျောင်းပေးမည့်သူ ရှာပေး ရန် တောင်းဆိုသောအခါ သဘောတူမှုကိုရရှိသဖြင့် သူ၏မိခင်သည် ကလေးထိန်းဖြစ်လာခဲ့ရပါ သည်။ မောရှ၏မိခင်က မောရှေကို ဖာရောဘုရင်၏သမီးအမိန့်ဖြင့် မိမိအိမ်တွင် ထိန်းကျောင်းခွင့် ရရှိလိုက်ပါသည်။ မောရှေ ၂ - နှစ် (သို့) ၃ - နှစ် (ကျမ်းစာတွင် တိတိကျကျမဖော်ပြထား၊ ပညာရှင် တွေ၏အဆိုသာဖြစ်) ရောက်လာမှသာ ဖာရောဘုရင်၏ နန်းတော်သို့ ပို့ဆောင်ခဲ့သည်။ ထို့နောက် မောရှေသည် ဖာရောဘုရင်၏နန်းတော်တွင် မင်းသမီး၏သားတော်အဖြစ် နေထိုင်ခွင့် ရရှိတော့ သည်။ မောရှေသည် အဲဂုတ္တုပြည်ရှိ အတတ်ပညာအားလုံးတို့ကို သင်ယူပြီး အလုံးစုံတို့ကို တတ် မြောက်ခဲ့ပါသည် (တမန်တော် ၇း၂၂)။ 


မောရှေသည် ဟေဗြဲလူတစ်ယောက်အား အဲဂုတ္တုလူတစ်ယောက်ကရိုက်သည်ကိုတွေ့သော် ထိုသူ့ကိုသတ်၍ သဲထဲတွင်မြှပ့်လေ၏။ ထိုဖြစ်ရပ်ကို ဖာရောဘုရင်သိသောအခါ မောရှေကို သတ်ငံ့ သောငှာ လိုက်ရှာသည်ကို မောရှေသိသော်အခါ ကြောက်၍ အဲဂုတ္တုပြည်မှ မိဒျန်ပြည်သို့ ထွက်ပြေး လေ၏ (ထွက် ၂း၁၁-၁၅)။ ထိုပြည်တွင်မောရှေသည် ဇိပေါရနှင့်ထိမ်းမြားပြီးလျှင် ဂေရရုံနှင့် ဧလျေ ဇာ အမည်ရှိသော သားနှစ်ယောက်ကို ရရှိခဲ့သည် (ထွက် ၂း၂၁-၂၂၊ ၁၈း၁-၃)။ မောရှေသည် မိ ဒျန်တွင် နှစ်ပေါင်းများစွာ သိုး၊ ဆိတ်တို့ကို ထိန်းကျောင်းခဲ့သည်။ မောရှေ၏ယောက္ခမမှာ ယေသ ရော (သို့) ရွေလ ဖြစ်ပြီး ယဇ်ပရောဟိတ်ဖြစ်သည် (ထွက် ၂း၁၆-၂၂၊ ၃း၁)။ မိဒျန်ပြည်တွင် နေ ထိုင်သူတို့သည် မိဒျန်လူမျိုးဟုခေါ်ဆိုကြပြီး အာဗြဟံနှင့် ကေတုရ တို့မှဆင်းသက်လာသော လူမျိုး ဖြစ်သည် (က ၂၅း၁-၄)။
  

မောရှေသည် ကုရှအနွယ်အမျိုးသမီးတစ်ဦးကိုလည်း လက်ထပ်ခဲ့သည် (တော ၁၂း၁)။ အရင်မ ယားဇိပေါရ ကွယ်လွန်ပြီးနောက် နောက်အိမ်ထောင်ပြုဟန်တူပါသည်။ အကြောင်းမှာ မောရှေ သည် မိဒါန်မှ အဲဂုတ္တုပြည်သို့ ပြန်သွားသောအခါ သားနှစ်ယောက်နှင့် မယားဇိပေါရတို့သာ ပါသွား ခြင်းကြောင့်ဖြစ်သည် (ထွက် ၄း၂၀)။ မိန်းမနှစ်ယောက်ကို တစ်ပြိုင်တည်းယူခြင်းမဟုတ်ဘဲ တစ် ပင်လဲ၍ တစ်ပင်ထူခြင်း ဖြစ်ဟန်တူနေပါသည်။ ကုရှမျိုးနွယ်တို့သည် အီသီယိုးပီးယားနိုင်ငံတွင် နေထိုင်ကြသည်။ နောဧ၏သားဟာမမှ ဆင်းသက်လာသူများဖြစ်ကြသည် (က ၁၀း၆)။     


မောရှေသည် ယောက္ခမယေသရော၏ သိုး၊ ဆိတ်တို့ကို ဟောရပ်တောင်တွင် ထိန်းကျောင်းပေး နေစဉ် မီးလောင်၍ ချုံမကျွမ်းဘဲ ရှိသည်ကိုမြင်သောအခါ၊ အံ့သြခြင်းရှိ၍ ထိုနေရာသို့သွားရောက် ခဲ့သည်။ ထိုနေရာတွင် ထာဝရဘုရားက မောရှေကို စကားပြောတော်မူခဲ့သည်။ ထာဝရဘုရားက မောရှေအား အဲဂုတ္တုပြည်ရှိ က္ကုသရေလလူမျိုးတို့ကို ခါနာန်ပြည်သို့ခေါ်ဆောင်သွားရန် ပြောဆိုခဲ့ သည်။ ထာဝရဘုရား၏ ပြောဆိုချက်ကို မောရှေက အကြိမ်ကြိမ်ငြင်းဆိုသော်လည်း ထိုငြင်းဆိုမှုကို ထာဝရဘုရားက လက်မခံသောကြောင့် နောက်ဆုံးတွင် မောရှေက လက်ခံရတော့သည်။ မောရှေ သည် စကားထစ်သောသူဖြစ်သည် (ထွက် ၄း၁၀)။ သူ၏စကားထစ်မှုကြောင့် မောရှေကို ကူညီရန် သူ၏အစ်ကို အာရုန်ကို ဘုရားသခင်က မောရှေထံစေလွတ်လိုက်သည် (ထွက် ၄း၁၄)။ 


ဘုရားသခင်၏စေခိုင်းချက်အတိုင်းမောရှေသည် မိဒျန်ပြည်မှ အဲကဂုတ္တုပြည်သို့ သူ၏မိသားစုနှင့် အတူ ထွက်ခွာသွားခဲ့သည်။ လမ်းခုလတ်တစ်နေရာ ရောက်သောအခါ ထာဝရဘုရားသည် မောရှေ အပေါ်သို့ အမျက်ထွက်ခဲ့သည် (ထွက် ၄း၂၄)။ အကြောင်းမှာ မောရှေက သူ၏သားနှစ်ယောက်တို့ ကို အရေးဖျားမလှီးပေးသေးသောကြောင့်ဖြစ်သည်။ ထာဝရဘုရားသည် အာဗြဟံထံ ပဋိညာဉ်ပေး ခဲ့သော အရေဖျားလှီးခြင်းသည် က္ကုသရေလလူမျိုးအားလုံးအတွက်ဖြစ်သည် (က ၁၇း၁၀)။ မော ရှေကိုတော့ သူ၏မိဘများက အရေဖျားလှီးပေးကြမည်ဖြစ်ပါသည်။  


မောရှေက အဲဂုတ္တုပြည်သို့ရောက်ရှိသောအခါ ဖာရောဘုရင်နှင့်တွေ့ဆုံပြီး က္ကုသရေလလူမျိုးများ လွတ်မြောက်ခွင့်ကိုတောင်းဆိုခဲ့သော်လည်း ဖာရောဘုရင်က မောရှေ၏တောင်းဆိုမှုကို လုံးလုံး ငြင်းဆိုလိုက်သည်။ ဖာရောဘုရင်၏ ငြင်းဆိုမှုကြောင့် က္ကုသရေလလူမျိုးတို့သည် အဲဂုတ္တုပြည်မှ ထွက်ခွာခွင့်မရရှိသည့်အပြင် ဘုရင်၏အမိန့်ဖြင့် အလုပ်ကိုပိုမို၍ လုပ်ဆောင်ကြရသည်။ ဖာရောဘု ရင်၏ ခေါင်းမာမှုကြောင့် အဲဂုတ္တုလူမျိုးတို့အပေါ် ကပ်ဘေး (၁၀) ပါးကျရောက်ခဲ့ရသည်။ နောက် ဆုံးတွင် ဖာရောဘုရင်ကလည်း က္ကုသရေလလူမျိုးတို့ကို အဲဂုတ္တုပြည်မှ ထွက်ခွာခွင့် ပေးလိုက်ရ တော့သည်။ 


မောရှေသည် က္ကုသရေလလူမျိုးတို့ကို ဦးဆောင်ကာ အဲဂုတ္တုပြည်မှ ထွက်ခွာသွားကြသည်။ သမိုင်း ပညာရှင်တို့က လူဦးရေခြောက်သိန်းခန့်ရှိမည်ဟု ခန့်မှန်းကြသည်။ ဤမျှလောက်များပြားသော လူထုကိုဦးဆောင်ခြင်းသည် မောရှေအတွက် အင်မတန်မှခက်ခဲသောအရာဖြစ်ပေမည်။ မောရှေအ ကြောင်းနှင့်ပတ်သက်၍ မသိမဖြစ်သိရမည့်အချက်များစွာရှိပါသည် (မောရှေပြုသမျှသော အံသြ ဖွယ်ရာ၊ ပညတ်များနှင့် စည်းမျဉ်းစည်းကမ်းအားလုံးတို့သည် ဘုရားသခင်အားဖြင့်သာ လုပ်ဆောင် ခြင်းဖြစ်သည်)။ ၄င်းတို့မှာ - 

         
၁။ ပင်လယ်ရေကိုခွဲခဲ့သူ (ထွက် ၁၄)
          ၂။ တေးရေးဆရာတစ်ဦးဖြစ် (ထွက် ၁၅)
၃။ ကျောက်မှရေထွက်စေသူ (ထွက် ၁၇)
၎။ ပညတ်တော် (၁၀) ပါးကို ဘုရားသခင်ထံမှ လက်ခံရယူသောသူ (ထွက် ၂၀)
၅။ ဘုရားသခင်နှင့် က္ကုသရေလလူမျိုးတို့အကြား ဆက်သွယ်ပေးသောသူ
၆။ က္ကုသရေလူမျိုးတို့၏ ဘာသာရေး၊ လူမှုရေး အားလုံးတို့အတွက် လိုက်နာရမည့် စည်း    ကမ်းချက်များကို ထုတ်ပြန်သောသူ
၇။  ပြုလုပ်မိသောအမှားကြောင့် ဘုရားသခင်ကတိပေးထားသောပြည်ကို ၀င်ခွင့်မရလိုက် သူ (တော ၂၀း၁၀-၁၂)
 

မောရှေသည် အသက် ၁၂၀-ရောက်သောအခါ ယေရခေါမြို့တစ်ဖက်၊ နေဗောတောင်၊ ပိသဂါ တောင်ထပ်တွင် အနိစ္စရောက်လေသည် (တရားဟောရာ ၃၁း၂)။ က္ကုသရေလူမျိုးတို့က မောရှေ အတွက် ရက်ပေါင်းသုံးဆယ်ပတ်လုံး ငိုကြွေးမြည်တမ်းခဲ့ကြသည် (တရား ဟောရာ ၃၄း၈)။ မော ရှေ၏သင်္ချိုင်း ဘယ်မှာရှိသည်ကို ယနေ့အထိ မည်သူမျှ မသိရှိကြပေ (တရားဟောရာ ၃၄း၆)။ ရှင်ယုဒကတော့ မောရှေ၏အလောင်းကြောင့်  ကောင်းကင်တမန်မင်းမိက္ခေနှင့် မာရ်နတ်(စာတန်) တို့ငြင်းဆိုကြကြောင်း ပြောဆိုထားသည် (ယုဒ ၉)။ မောရှေ၏အလောင်းကို လုနေကြဟန်တူပါ သည်။ တရားဟောရာကျမ်း ၃၄း၅-၆ အရ မောရှေ၏အလောင်းကို ဘုရားသခင်ကသာ မြုပ့်နှံခဲ့ သည်ဟု ဆိုရပေမည်။     


ကိုးကား

AmTrac Bible Dictionary (Android Application)
Easton Bible Dictionary (Android Application)
Fausset Bible Dictionary (Android Application)
Nave Bible Dictionary (Android Application)

SHARE

Author

Hi, Its me Hafeez. A webdesigner, blogspot developer and UI/UX Designer. I am a certified Themeforest top Author and Front-End Developer. I'am business speaker, marketer, Blogger and Javascript Programmer.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 Comments:

Post a Comment