Ads

ဘာကြောင့် Christmas ကို Xmas လို့ရေးကြသနည်း



ဘာကြောင့် Christmas ကို  Xmas လို့ရေးကြသနည်း


၁။ အမြင်အမျိုးမျိုး
၂။ Xmas အရေးအသား စတင်လာခြင်း                                           
၃။ Xmas လို့ရေးခြင်းသည် မှားယွင်းသောလုပ်ဆောင်ချက် ဖြစ်ပါသလား


၁။ အမြင်အမျိုးမျိုး

သီချင်းစာအုပ်၊ ခရစ္စမတ်ကဒ်များတွင် Xmas ဟုရေးသားထားခြင်းမျိုး သမိုင်းတွင်မရှိခဲ့ဟု အချို့က ထင်မြင်ယူဆကြပါသည်။ ဆိုလိုသည့်အဓိပ္ပါယ်မှာ Xmas ဟုရေးသားခြင်းသည် အရင်ကမရှိခဲ့ဖူး ပဲ နှစ်အနည်းငယ်ခန့်ကသာ ဤကဲ့သို့ရေးသားလာကြသည်ဟု ထင်မြင်ယူဆခြင်းကြောင့်ဖြစ်ပါသည်။ ဒါကြောင့် Xmas ဟု ရေးခြင်းသည် မှားယွင်းသည်ဟု ပြောဆိုကြသည်။

အချို့သောခရစ်ယာန်တို့က X သည် မှားယွင်းခြင်းကို ပုံဆောင်ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ကြက်ခြေခေတ်ပုံ X သည် အမှားဟုလည်းပြောဆိုနိုင်သောကြောင့် ခရစ္စမတ်ကို မှားယွင်းစွာအသုံးပြု သူများအတွက်သာ Xmas ဟုရေးသားရမည်ဟု ထင်မြင်ယူဆနေကြပါသည်။  



၂။ Xmas အရေးအသား စတင်လာခြင်း


Xmas ဟုရေးသားလာရခြင်းမှာ X သည် ဂရိအက္ခရာ နှစ်ဆယ့်နှစ်လုံးမြောက် X ကို အသုံးပြုခြင်းဖြစ် သည်။ ဂရိအက္ခရာ “X” သည် စလုံးကြီး (Capital letter) ဖြစ်ပြီး “Chi” ဟုအသံထွက်ရမည်ဖြစ် သည်။ ခရစ်တော်၏နာမတော်ကို ဂရိကျမ်းစာတွင် Χριστός ဟုဖော်ပြထားပါသည်။ Xmas တွင် X သည် ဂရိအက္ခရာဖြင့်ရေးသားသော ခရစ်တော်၏နာမတော်အစ X ကိုအသုံးပြုခြင်းဖြစ်သည်။ (ပုံ-01 ကိုကြည့် ပါ)။ Xmas တွင် mas သည် အင်္ဂလိပ်စကား Mass နှင့်အတူတူဖြစ်သည်။ Mass ကိုရှေး အင်္ဂလိပ်စာ အရေးအသားတွင် Mas ဟုရေးသားခဲ့ကြသည်။

ပုံ - 01
  


ကနဦးခရစ်ယာန်များခေတ်က ရောမအင်ပါယာ၏ ခရစ်ယာန်များအပေါ်ရက်စက်စွာ နှိပ်စက်ခဲ့ခြင်း ကြောင့် ခရစ်ယာန်တို့သည် လျှိုက်ဝှက်စွာနေထိုင်သွားလာခဲ့ကြရသည်။ မိမိသည် ခရစ်ယာန် တစ် ယောက်ဖြစ်သည်ဟူသောအရာကိုပင် စကားအားဖြင့်အများရှေ့တွင်မပြောဆိုပဲ သင်္ကေတဖြင့် တစ်ဦး ကိုတစ်ဦး အမှတ်ပြုကြရသည်။ ကနဦးခရစ်ယာန်တို့က သူတို့၏သင်္ကေတအဖြစ် ငါးပုံကိုအသုံးပြု ကြသည်။ လူနှစ်ယောက်တို့တွေ့ဆုံပြီး တစ်ဦးက ငါး၏ကိုယ်တစ်ပိုင်းပုံကို သဲပေါ် (၀ါ) မြေပေါ်တွင် ရေးဆွဲလိုက်ပြီး၊ နောက်တစ်ယောက်က ကျန်တဲ့အပိုင်းကို ရေးဆွဲလိုက်လျှင် ထိုသူနှစ်ယောက်တို့သည် ခရစ်ယာန်ဖြစ်ကြသည်ကို အချင်းချင်းနားလည်သဘောပေါက်ကြသည်။ ထိုနည်းတူ ခရစ်တော်၏နာ မည်ကိုလည်း သင်္ကေတဖြင့် ဖော်ပြကြသည်။ ဂရိအက္ခရာ X နှင့် P (Rho ဟုအသံထွက်ရန်) ပေါင်းစပ် ကာ ခရစ်တော်၏သင်္ကေတ အဖြစ်အသုံးပြုခဲ့ကြပါသည်။ (ပုံ-02  ကိုကြည့်ပါ)

ပုံ - 02


    
၃။ Xmas လို့ရေးခြင်းသည် မှားယွင်းသောလုပ်ဆောင်ချက် ဖြစ်ပါသလား


Xmas ဟုရေးသားခြင်း နှစ်အနည်းငယ်အကြာကမှ စတင်လာသည်မဟုတ်ကြောင်းကို ၁၉၁၀ ခုနှစ်က ခရစ္စမတ်ကဒ်တွင် ရေးသားထားသော ပုံကိုကြည့်ခြင်းအားဖြင့် သိနိုင်ပါသည် (ပုံ-03 ကိုကြည့်ပါ)။ Xmas ကို အချို့က X’mas ဟုရေးသားကြသည်။ မူလအစက Xmas ဟုသာရေးသားခဲ့ကြပြီး၊ နောက် ပိုင်းမှ X’mas ဟုရေးသားလာကြခြင်းဖြစ်သည်။ 

 အထက်ကဖော်ပြခဲ့သော အကြောင်းအရာတို့ကို ကြည့်ခြင်းအားဖြင့် Christmas ကို Xmas ဟုရေးသင့် သလားဆိုတာ သင်ကိုယ်တိုင်စဉ်းစားပြီး အဖြေပေးပါ။

ပုံ - 03




ကိုးကား

https://en.wikipedia.org/wiki/Xmas(Accessed 15, Dec, 2015). 
SHARE

Author

Hi, Its me Hafeez. A webdesigner, blogspot developer and UI/UX Designer. I am a certified Themeforest top Author and Front-End Developer. I'am business speaker, marketer, Blogger and Javascript Programmer.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 Comments:

Post a Comment