အပြင်ဘက်မှာလည်း ဝေငှသက်သေခံပါ
တစ်နေ့က စာရေးသူ Facebook ပေါ်မှာ ဓါတ်ပုံအချို့တွေ့လိုက်တော့ အင်မတန်မှ ပီတိဖြစ်မိတယ်။ ရန်ကုန်က လူငယ်တစ်ချို့က ပန်းခြံ၊ လမ်း မတွေမှာ သတင်းကောင်းဝေငှနေကြတဲ့ပုံလေးတွေပါ။ ခုခေတ် ယုံကြည် သူတော်တော်များများက အဲဒီလိုမျိုးဝေငှဖို့ စိတ်ကူးထဲတောင် မထည့် တော့ဘူး။
စာရေးသူအမြင်အရပြောရမည်ဆိုလျှင် ယနေ့ယုံကြည်သူတော်တော် များများတို့သည် ဘုရားကျောင်းအတွင်း၌သာ ပါဝင်ဆက်ကပ်လိုကြ ဟုဆိုချင်ပါသည်။ ဘုရားကျောင်းဝင်း၌သာ နှုတ်ကပတ်တော်၊ သတင်း ကောင်း တို့ကိုဝေငှသက်သေခံရမည်ဟု ထင်မြင်ယူဆကြဟန်တူပါ သည်။ အကြောင်းမှာ ယခုခေတ်တွင် လမ်းမ၊ ပန်းခြံနှင့် အခြားသောနေ ရာများတွင် ဝေငှသက်သေခံသူများ တွေ့ရခဲတော့သောကြောင့်ဖြစ်ပါ သည်။
ယေရှုခရစ်တော် ဤလောကမှာသက်တော်ထင်ရှားရှိစဉ်က ဗိမာန်တော် အတွင်းထက် ဗိမာန်တော်၏အပြင်ဘက် လမ်း၊ တောင်ပေါ်နှင့် အခြား နေရာတွေမှာ သူ၏သတင်းကောင်းကို ပို၍ဝေငှသက်သေခံခဲ့သည်။ သူ ၏တပည့်တော်များနှင့် ကနဦးယုံကြည်သူတို့သည် ထိုကဲ့သို့ပင် လုပ် ဆောင်ခဲ့ကြသည်။ ထိရောက်မှုနှင့် အောင်မြင်မှုများစွာ ရရှိခဲ့ကြသည်။
အသံကောင်းကာ အဆိုဘက်မှာထူးချွှန်သောယုံကြည်သူသည် အသင်း သားများသော ဘုရားကျောင်းတွင်သာ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလိုသည်။ တရားဟောဆရာသည်လည်း ထိုကဲ့သို့ပင်ဖြစ်သည်။ ဘုရားကျောင်းတွင် ပါဝင်ဆက်ကပ်ခြင်းသည် မှားယွင်းသည်ဟု မဆိုလို ပါ။ ဘုရားကျောင်း၏ အပြင်ဘက်တွင်လည်းဝေငှသက်သေခံသော ယုံ ကြည်သူတစ်ယောက်ဖြစ်ပါဟုသာ အကြံပေးတိုက်တွင်းလိုခြင်းဖြစ်ပါ သည်။

0 Comments:
Post a Comment