Ads

သင်၏လက်ချောင်းကလေးများကို ဘုရားသခင်အလိုရှိသည်

ခေတ်ကာလပြောင်းလဲလာသည်နှင့်အမျှ နည်းပညာတို့သည်လည်း ပြောင်းလဲ တိုးတက်လာကြသည်။ မြန်မာနိုင်ငံမှာလည်း ဖုန်းအသုံးပြုသူဦးရေ တစ်နေ့ တစ်ခြား တိုးတက်များပြားလာသည်။ ထိုသို့တိုးတက်လာမှုကြောင့် FACE-BOOK အသုံးပြုသူများလည်း တဖြည်းဖြည်းများပြားလာသည်။ FACEBOOK ကို အကောင်းပိုင်းအနေဖြင့် အသုံးပြုသူများရှိနေသလို၊ အဆိုးပိုင်းအနေဖြင့် အသုံးပြုသူများလည်း ရှိကြပါသည်။ ယနေ့သင်သည် ယုံကြည်သူတစ်ဦးအနေ ဖြင့် FACEBOOK ကိုမည်သို့အသုံးပြုနေသနည်း။ သင့်ကိုသင် မေးကြည့်ပါ။


FACEBOOK သည် ကမ္ဘာ့လူမှုကွန်ယက်တွင် လူသုံးအများဆုံးဖြစ်သော ကြောင့် FACEBOOK ကိုအသုံးပြုခြင်းအားဖြင့် လုပ်ဆောင်သမျှသောအရာတို့ သည် အထိရောက်ဆုံးဖြစ်သည်ဟု ဆိုရပေမည်။ စီးပွားရေးသမားများ၊ သ တင်းမီဒီယာများ ကလည်း FACEBOOK ကိုတွင်ကျယ်စွာအသုံးပြုလာကြရာ အကျိုးအမြတ်များစွာ ရရှိကြသည်။


နည်းပညာများတိုးတက်လာခြင်းကြောင့် အခြားလူတွေကို ပါးစပ်ဖြင့်သာပြော ဆိုခြင်းမဟုတ်တော့ပဲ လက်ချောင်းကလေးများကို အသုံးပြုကာ ပြောဆိုနေ ရသော ခေတ်ရောက်ရှိနေလေသည်။ လက်ချောင်းကလေးများကို အသုံးပြု ကာ ဆဲဆိုနေကြသူများလည်း ရှိကြသည်။ ချစ်ရေးဆိုသူများလည်း မကျန်ပေါ့။ ယုံကြည်သူအနေဖြင့် ကျွန်ုပ်တို့၏ လက်ချောင်းကလေးများကို မည်သို့အသုံး ပြုနေကြသနည်း။ ဘုရားသခင်က သင်၏လက်ချောင်းကလေးများကို သူ၏ နိုင်ငံတော်ကျယ်ပြန့်ဖို့ရန်အတွက် အသုံးပြုလိုသည်။ အသုံးတော်ခံသောယုံ ကြည်သူဖြစ်ဖို့ သင်..ဆုံးဖြတ်ပြီးပြီလား?
စာရေးသူဝမ်းနည်းသည့်အချက်တစ်ချက်မှာ ယုံကြည်သူများသည် FACE-BOOK ကိုအသုံးပြုကြသော်လည်း သတင်းကောင်းဝေငှရန်အတွက် အသုံးပြု သူနည်းပါးလှသေးသည်။ ဝေငှဖို့မပြောနဲ့ ဆရာ/မ များတင်ပေးသော ဆောင်း ပါးများကို သေချာစွာဖတ်သူပင် နည်းပါးနေသေးသည်။ သတင်းထူးများကို Comment ပေးလိုက်၊ Like လိုက်၊ Share လိုက်နဲ့ အချိန်ကုန်နေတတ်ကြပေ မယ့် နှုတ်ကပတ်တော်နှင့် သက်ဆိုင်သော ဆောင်းပါးများ၊ ကျမ်းပိုဒ်များ၊ ပုံများ ကိုမူ Like တစ်ချက်နှိပ်ဖို့တောင် မတတ်နိုင်ကြရှာဘူး။ Amen ဆိုသောစလုံး လေးကိုပင် မရေးနိုင်ကြပေ။ Share ဖို့ကလည်း မလုပ်ကြပြန်။ Sorry မေ့နေ ကြလို့ပါ။
စာရေးသူအနေဖြင့် ယုံကြည်သူမိတ်ဆွေအပေါင်းတို့ကို အားပေးတိုက်တွင်း ချင်တာကတော့ FACEBOOK ကိုအသုံးပြုခြင်းအားဖြင့် သတင်းကောင်း များ များ ဝေငှပေးကြပါ။ ဘယ်လိုဝေငှမလဲ?


၁။ ဆောင်းပါးများရေးတင်ခြင်း


ဤအရာသည် လူတိုင်းလုပ် ဆောင်နိုင်ရန် ခက်ခဲကောင်းခက်ခဲနေပါလိမ့်မည်။ ဆုတောင်းခြင်းနှင့်အတူ ကြိုးစားသင်ယူပြီး ဖြစ်အောင်လုပ်နိုင်သည်။


၂။ ကျမ်းပိုဒ်များတင်ပေးခြင်း
ဤအရာသည် လူတိုင်းလုပ်ဆောင် နိုင်သောအရာဖြစ်သည်။ ကျမ်းစာထဲမှ ကျမ်းပိုဒ်များကို တင်ပေးခြင်းသာဖြစ်သည်။ မတင်မှီတော့ မိမိရဲ့အသက် တာမှာ အရင်ရိတ်သိမ်းပေါ့။ နှုတ်ကပတ်တော်သည် လူ၏အသက်တာကို ထိရောက်စွာပြောင်း လဲစေနိုင်သောကြောင့် ကျမ်းပိုဒ်များကို တင်ပေးခြင်း သည်လည်း ထိရောက်သောအသုံးခံခြင်းဖြစ်သည်။


၃။ မိမိ၏သက်သေခံချက်များကို ရေးတင်ခြင်း
စစ်မှန်သော ယုံကြည်သူ၏အသက်တာသည် သက်သေခံစရာများဖြင့် ပြည့်လျှံ နေတတ်သည်။ ထိုအရာများကို စာဖြင့်ရေး၍ တင်ပေးနိုင်သည်။ သင်၏ သက်သေခံခြင်းကြောင့် သူတစ်ပါး၏အသက်တာ ပြောင်းလဲနိုင်သလို၊ ခွန်အား ရစရာများလည်း ဖြစ်လာနိုင်ပါသည်။


၎။ ဆရာ/မ များတင်ထားသောဆောင်းပါးများကို Share ပေးခြင်း
ဤအရာသည်လည်း ထိရောက်သည်။ သင် Share လိုက်သောဆောင်းပါးကို လူအများက ဖတ်နိုင်သည်။ အသက်တာပြောင်းလဲမှုများလည်း ဖြစ်ပေါ်နိုင် သည်။ ဆောင်းပါးတင်ပေးသူက သူတင်လိုက်သောဆောင်းပါးသည် သူ၏ Friend များက ဖတ်နိုင်ပြီး၊ သင်ကထိုအရာကို Share ပေးခြင်းဖြင့် သင်၏ Friend များက တဆင့်ပြန်ဖတ်နိုင်ကြရာ၊ သူတို့ကပြန် Share လိုက်၊ ဒီလိုနဲ့လူပေါင်းမြောက်များစွာတို့က ထိုဆောင်းပါးကို ဖတ်နိုင်ကြမည်ဖြစ် သည်။ ထိုသူများထဲတွင် အသက်တာပြောင်းလဲလာသူများလည်း ရှိနိုင်ပါ သည်။
ခေါင်းစဉ်ပါစာသားအတိုင်း သင်၏လက်ချောင်းကလေးများကို ဘုရားသခင်အ လိုရှိနေသည်။ သင်၏လက်ချောင်းကလေးများကို ဘုရားသခင်၏နိုင်ငံတော် ကျယ်ပြန့်ဖို့အတွက် အသုံးတော်ခံမလား။


SHARE

Author

Hi, Its me Hafeez. A webdesigner, blogspot developer and UI/UX Designer. I am a certified Themeforest top Author and Front-End Developer. I'am business speaker, marketer, Blogger and Javascript Programmer.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 Comments:

Post a Comment