Ads

သမ္မာကျမ်းစာသည် လူတိုင်းဖတ်သင့်သောစာအုပ်ဖြစ်ပါသလား?


အိန္ဒိယလွတ်လပ်ရေးဖခင် Mahatma Gandhi သည်သမ္မာကျမ်းစာကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်ပါသည်။

သမ္မာကျမ်းစာသည် လူမျိုးမရွေး၊ ဘာသာမရွေး ဖတ်သင့်သော စာအုပ်ဖြစ်ပါသည်။ တစ်ခြားသောဘာသာကို ကိုးကွယ် နေကြသူ များက သမ္မာကျမ်းစာသည် သူတို့နဲ့မဆိုင်ဟု ထင်မြင်ယူဆတတ်ကြပါသည်။  သမ္မာကျမ်းစာသည် ခရစ်ယာန်တို့၏ ယုံကြည်ခြင်း အရင်းအမြစ်ဖြစ်သည်မှာ မှန်ပါသည်။ ထိုသို့ဆိုသော တခြားဘာသာကို ကိုးကိုယ်နေသူ အတွက် ဖတ်စရာမလိုဟု မဆိုနိုင်ပေ။ အကြောင်းမှာ ကမ္ဘာ့သမိုင်းတလျောက် နာမည်ကြီးခဲ့ကြသော ခရစ်ယာန်နဲ့ ခရစ်ယာန်မဟုတ်သော ဘုရင်/မများ၊ နိုင်ငံခေါင်း
 ဆောင်များ၊ သိပ္ပံပညာရှင်များ၊ စက်မှုပညာရှင်များ၊ ဆရာ/မ များ၊ စာရေးဆရာများ၊ ကဗျာဆရာများ၊ ပြဇာတ်ဆရာများ၊ သမိုင်းပညာရှင်များ၊ အားကစားသမားများအစရှိသဖြင့် အောင်မြင်ခဲ့ကြသောသူတို့တွင် အများစုတို့သည် သမ္မာကျမ်းကို
 လေးလေးနက်နက်ဖတ်ခဲ့သူတွေ ဖြစ်ကြပါသည်။ သူတို့သည် သမ္မာကျမ်းစာမှ သူများနှင့်မတူအောင် ထူးခြားခမ်းနားသော Idea များကိုရရှိခဲ့ကြသည်။ 

သိပ္ပံပညာရှင် အများစုတို့သည် သမ္မာကျမ်းကိုအခြေခံပြီး စူးစမ်းလေ့လာမှုများပြုလုပ်ကြသည်။ ကမ္ဘာ့နိုင်ငံရေးခေါင်း
ဆောင်ကြီးများကလည်း အုပ်ချုပ်ပုံအုပ်ချုပ်နည်းများကို သမ္မာကျမ်းစာမှ လေ့လာသင်ယူကြသည်။ သမိုင်းပညာရှင်များ အနေဖြင့်
လည်း သမ္မာကျမ်းစာအားဖြင့် သမိုင်းကြောင်းများကို စူးစမ်းလေ့လာကြပါသည်။ စိုက်ပျိုးမှုပညာရပ်များကိုလည်း သမ္မာကျမ်းစာတွင် အကျမ်းတ၀န်းလေ့လာသင်ယူနိုင်ပါသည်။ လူ၏အစ၊ ဘာသာစကား အမျိုးမျိုးပေါ်ပေါက်လာပုံတို့ကိုလည်း သမ္မာကျမ်းစာတွင်
လေ့လာနိုင်ပါသည်။  

ကမ္ဘာ့ပေါ်တွင် နာမည်ကြီးခဲ့သူတို့၏ သမ္မာကျမ်းစာအပေါ် ထွက်ဆိုချက်များကို လေ့လာချင်တယ်ဆိုင်ရင် အောက်က Links ကို အလည်သွားလို့ရပါတယ်….
            http://www.internationalwallofprayer.org/Q-01-FAMOUS-QUOTES.html
SHARE

Author

Hi, Its me Hafeez. A webdesigner, blogspot developer and UI/UX Designer. I am a certified Themeforest top Author and Front-End Developer. I'am business speaker, marketer, Blogger and Javascript Programmer.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 Comments:

Post a Comment