Ads

Robert Pierce (World Vision ကိုအစပျိုးခဲ့သူ)


Robert Pierce (Bob) ဟာ ခရစ်သက္ကရာဇ် 1914 ခု အောက်တိုဘာလ 8 ရက်နေ့တွင်မွေးဖွားခဲ့ပြီး 1947 ခုနှစ်မှာ ဒီလောကြီးကို စွန့်ခွာသွား ခဲ့ပါတယ်။ သူဟာ ခရစ်ယာန် တရားဟောဆရာဖြစ်ပြီး Youth For Christ အမည်ရှိသော အဖွဲ့အစည်းတွင် အမှုတော်မြတ် ပါဝင်ဆက်ကပ်သူတစ်ဦးဖြစ်ပါတယ်။ တစ်နေ့တော့ သူဟာ တရုတ်ပြည်ကို ဒေသနာ ဝေငှဖို့ ခရီးတွင်ခဲ့ပါတယ်။ ဒေသနာတော်ကို ဝေငှအပြီးတွင် Tena Hoelkedoer အမည်ရှိ အင်္ဂလိပ်လူမျိုး ဆရာမထံသို့ အလည်အပတ် သွားရောက်ခဲ့သည်။ ဆရာမ နေအိမ်သို့ ရောက်ရှိချိန်တွင် ထိုဆရာမကိုမှီိခိုနေသော မိဘမဲ့၊ ဆွေမျိုးမဲ့နေသော အင်မတန်မှ သနားစရာကောင်းလှသော ကလေးငယ်မလေး တစ်ဦးကို တွေ့ရှိလိုက်သည်။ ခဏခြင်းတွင် Bob ၏စိတ်သည် ထိုကလေး မလေး အပေါ်သို့ ပြောပြမတတ်သော လူသားချင်းစာနာစိတ်တရား သက်ရောက်သွားခဲ့သည်။ ထိုကလေးမလေး အပေါ် ဂရုဏာတရားသက်ရောက်မှုသည် Bob ၏စိတ်အာရုံတစ်ခုလုံးကိုဖမ်းစားရုံသာမက ပတ်ဝန်းကျင်တစ်ခုလုံးကိုပင် Bob လုံးဝ သတိလက်လွတ် ဖြစ်သွားရတော့သည်။ ထိုခဏခြင်းတွင် ဆရာမ Tena က “Bob…. သူမအတွက် သင်ဘာလုပ်ပေးနိုင်မလဲ” ဟု Bob ကို မေးလိုက်သည်။ Bob ဟာ ဆရာမရဲ့ မေးခွန်းကြောင့် အသိတရားပြန်ဝင်လာပြီး သူ၏အိတ်ကပ်ကို ချက်ခြင်း လက်ဖြင့် နှိုက်လိုက်သည်။ အိတ်ကပ်ထဲတွင် ပါလာသည့် ရှိသမျှငွေဖြစ်သော ၅-ဒေါ်လာကို ထုတ်ကာ “ဤပိုက်ဆံကို ကလေးမအတွက်သုံးလိုက်ပါ။ ကလေးမကို လစဉ်ထောက်ပံ့ကြေး ပုံမှန်ပို့ပေးမည်” ဟု ဆရာမအား ကတိပေးလိုက်သည်။ ထို့နောက် Bob သည် စိတ်ထဲတွင် ထိုကလေး၏ အကြောင်းကိုတွေးရင်း အမိမြေကို ပြန်သွားရတော့သည်။ 


Bob သည် သူ၏ဒေသကို ရောက်ရှိသွားပြီးသောနောက် အချိန်တိုင်းတွင် ထိုကလေးမကို အမြဲတမ်းလိုလို သတိရပြီး 
 နေရာတိုင်းတို့တွင် ထိုကလေးမလို့ ကလေးပေါင်းမြောက်များစွာတို့ ဒုက္ခရောက်နေမည်ဟု တွေးတောမိလိုက်သည်။ ထိုသူတို့အတွက် အကောင်းဆုံး လုပ်ဆောင်ပေးလိုစိတ် ပျင်းပြလာကာ ကြိုးစားရင်း….ကြိုးစားရင်းနဲ့ နောက်ဆုံးတွင်        “World Vision” ဟူသော အဖွဲ့အစည်းကို အစပျိုးခဲ့သော လူသားတစ်ဦးဖြစ်လာခဲ့ပြီး ကိုးရီးယားစစ်ပွဲအတွင်း ကလေးများကိုထောက်ပံကူညီးခြင်းဖြင့် သူ၏လုပ်ငန်းများကို အစပြုခဲ့သည်။ World Vision အဖွဲ့အစည်းသည် ကျွန်တော်/မ တို့အားလုံး သိရှိကြပြီးဖြစ်တဲ့အတွက် ကျယ်ကျယ်ဝန်းဝန်း ပြောပြစရာလိုမည်မထင်ပါ။ 


ကမ္ဘာပေါ်မြေကြီးပေါ်ရှိ လူသားခေါက်ချိုးလောက်သာ Bob လို လူသားချင်းစာနာတတ်သော ဂရုဏာစိတ်ရှိပြီး စိတ်ကူးရှိသည် အတိုင်းအကောင်းဆုံး လုပ်ဆောင်နိုင်မည်ဆိုလျင် ကမ္ဘာမြေကြီးသည် သာယာလှပနေမည်မှာ သေချာလှပါသည်။ လူသား တစ်ယောက်က တစ်ခြားတစ်ယောက်အပေါ် ဂရုဏာတရားထားရှိပြီး လူသားချင်းစာနာတတ်သော စိတ်ဖြင့် အကောင်း ဆုံးဖြစ်အောင် လုပ်ဆောင်ပေးခြင်းသည် မွန်မြတ်လှသော တရားတော်ပင်ဖြစ်ပေသည်။ ဘယ်ဘာသာတရားနှင့်မှ ဆန့် ကျင်ခြင်းမရှိပါ။ သင်သည်လည်း ဤတရားတော်ကို ပိုင်ဆိုင်ထားပြီး အကောင်းဆုံးနဲ့ အထိရောက်ဆုံးနည်းဗျူဟာတို့ဖြင့် သူတစ်ပါးအပေါ်ဝေငှပေးနိုင်သော လူသားတစ်ယောက်ဖြစ်တယ်ဆိုတာ မမေ့လိုက်ပါနဲ့။ သတ္တ၀ါအားလုံး အပေါ်မှာ ဂရုဏာတရား ထားရှိနိုင်ပြီး အကောင်းဆုံး လုပ်ဆောင်ပေးနိုင်သော တန်ဖိုးရှိလှတဲ့ လူသားတစ်ယောက် ဖြစ်ပါစေလို့….ဒီနေရာကနေ မိတ်ဆွေအတွက် ဆုတောင်းပေးလိုက်ပါတယ်။ 




ကိုးကား
http://www.worldvision.org/content.nsf/about/history
http://en.wikipedia.org/wiki/Robert_Pierce
http://www.omnilexica.com/?q=Robert+Pierce  




SHARE

Author

Hi, Its me Hafeez. A webdesigner, blogspot developer and UI/UX Designer. I am a certified Themeforest top Author and Front-End Developer. I'am business speaker, marketer, Blogger and Javascript Programmer.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 Comments:

Post a Comment