Ads

တောင်အဖေရိကသင်းအုပ်ဆရာက အသင်းသားများကိုမြက်စားစေ



၂၀၁၄၊ ဆယ်လပိုင်းလောက်ကပေါ့ တောင်အဖေရိကရှိ Pretoria ဒေသအနီး၊ Rabboni Centre Ministries တွင်သင်းအုပ် ဆရာတစ်ဦးဖြစ်သော Lesego Daniel သူရဲ့ အသင်းသူအသင်းသားများကို မြက်စားစေခဲ့ပါတယ်။ သင်းအုပ်ဆရာညွှန်ပြ သည်အတိုင်း မြက်များကို အားရပါးရစားကြပြီး အစာအိမ်ပြသနာတက်လာကာ ပြန်အန်ထုတ်ကြပြီး ဆေးရုံရောက်တဲ့သူ များလည်းရှိခဲ့သည့် အဖြစ်အပျက်ကလေ့ ဖြစ်ခဲ့ပါသည်။ ဤသင်းအုပ်ဆရာသည် သူ၏အသင်းသားများကို မြက်စားခိုင်း ပြီးနောက် ဓာတ်ဆီ သောက်ခိုင်းသော အဖြစ်အပျက်လည်းရှိခဲ့ဖူးပါသည်။ 


ခရစ်တော်ဤလောကသို့ကြွလာစဉ် လူပေါင်းမြောက်များစွာတို့ကို ကျန်းမာလာအောင် တန်ခိုးများစွာပြခဲ့ပါသည်။ 
သေသောသူများကိုလည်း အသက်ပြန်သွင်းပေးခဲ့သည်။ ဤသို့ခရစ်တော်တန်ခိုးပြစဉ်က မကျန်းမာသူများကို ဘယ်အရာမှ မစားခိုင်းခဲ့ပါဘူး။ နှုတ်ဖြင့်သာမိန့်ဆိုခဲ့ပါတယ်။ နှုတ်ကပတ်တော်သည်သာလျှင် တန်ခိုးရှိသည်။


လူသည်မိမိ၏စိတ်အလိုကို လိုက်နေလွန်းလျှင် အမှားများစွာကိုပြုလုပ်တတ်သည်။ နှုတ်ကပတ်တော်၏ သွန်သင်မှုအတိုင်း လိုက်လျှောက်ခြင်းသာလျှင် အကောင်းဆုံးဖြစ်သည်။ အချို့သောယုံကြည်သူတို့က ကျန်းမာလိုခြင်း၊ ချမ်းသာလိုခြင်း တို့ ကြောင့် နှုတ်ကပတ်တော်ကို သတိမရကြတော့ပဲ ပြောသမျှတို့ကို လိုက်လုပ်နေတတ်ကြပါသည်။

ခရစ်ယာန်များအနေဖြင့် သတိထားတတ်ဖို့လိုအပ်ပါသည်။ မှားယွင်းသောသွန်သင်မူများကို သိရှိဖို့ရန်အရေးကြီးသည်။ သမ္မာကျမ်းစာထဲတွင် တွေ့ရသော ဗေရိမြို့သားများကဲ့သို့ ဘယ်အရာမဆိုသမ္မာကျမ်းစာတွင်ရေးသားထားသောအရာ များနဲ့ နှိုင်းယှဉ်တတ်ဖို့အရေးကြီးသည်။ ဗေရိမြို့သားတို့ကားသက်သာလောနိတ်မြို့သားတို့လောက် တစ်ယူသန်စိတ်ရှိသူ များမဟုတ်ချေ။ သို့ဖြစ်၍ ပေါလုဟောပြောသည့်တရားတော်ကို အလွန်ကြည်ညိုသောစိတ်ဖြင့်နာခံကြ၏။ သူတို့သည် ပေါ လုနှင့်သိလတို့ပြောကြားသည့်အတိုင်း မှန်မမှန်ကိုသိရှိနိုင်ရန်နေ့စဉ်နေ့တိုင်း ကျမ်းစာတော်ကိုလေ့လာကြ၏(တမန် ၁၇း၁၁)။


ကျွန်ုပ်တို့သည် လူ၏သွန်သင်မှုအတိုင်း လိုက်လျှောက်ရမည်မဟုတ်ပဲ ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း လိုက် လျှောက်ရမည်ဖြစ်သည်။ သွန်သင်မှု အမှား/မှန်ကို သမ္မာကျမ်းစာအားဖြင့်အမြဲဆင်ခြင်လေ့လာရမည်ဖြစ်သည်။ လောက တွင် သိုးရေခြုံတဲ့ဝံပုလွေတွေ အများကြီးရှိပါတယ်။ ထိုသူတို့၏ရန်မှ ကင်းလွတ်ရန် သမ္မာကျမ်းစာကိုနေ့စဉ်ဖတ်ရှု့လေ့လာ ရန်အရေးကြီးပါသည်။











ကိုးကား

Christian Post, Christian News, s.v. “after-south-african-pastor-makes-church-members-eat-grass-he-now-forces-them-to-drink-petrol-127099” http://www.christianpost.com/news/after-south-african-pastor-makes-church-members-eat-grass-he-now-forces-them-to-drink-petrol-127099/(accessed April 13, 2015)
SHARE

Author

Hi, Its me Hafeez. A webdesigner, blogspot developer and UI/UX Designer. I am a certified Themeforest top Author and Front-End Developer. I'am business speaker, marketer, Blogger and Javascript Programmer.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 Comments:

Post a Comment