Ads

ဘ၀တွင်အောင်မြင်မှုများဆွတ်ခူးရရှိနိုင်ဖို့ရန် အရေးကြီးဆုံးသောပထမဆုံးခြေလှမ်း



သင်သည်…လူတစ်ဦးထံမှ သိန်းပေါင်း တစ်သန်း ရရှိလိုက်တယ်ဆိုပါစို့။ သင်…ဘာလုပ်မလဲ? သတိ။  အောက်က စာတွေဆက်မဖတ်ခင် အရင်စဉ်းစားပြီးမှ အောက်ကစာများကို ဆက်ဖတ်ပေးပါ။ 
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ထိုငွေများဖြင့် သင်ကြိုက်တာဝယ်မယ်လား? သင်..သွားချင်ဆုံးသောနိုင်ငံတစ်နိုင်ငံကို သွားလိုက်မှာလား? ဒါမှမဟုတ်.. ထိုငွေများဖြင့် ရင်းနှီးမြုပ့်နှံမှုလုပ်မလား? ဒါမှမဟုတ် သင်.. ဘာလုပ်ရမှန်းမသိဖြစ်နေပါသ လား။

လူသားတိုင်း တိုးတက်ချင်ကြသည်။ အမြင့်ဆုံးသောဘ၀ကို ပိုင်ဆိုင်ထားလိုကြသည်။ သို့သော်… လူအများ စုတို့မှာ ထိုနေ ရာကိုရောက်ရှိဖို့ရန် လက်နက်ကောင်းမရှိကြပါ။ သူတစ်ပါးထံမှ သန်းပေါင်းများစွာ အခမဲ့ရရှိ မည်ဆိုလျင်ပင် ဘာလုပ်ရ မှန်းမသိ၊ ဘာကိုင်ရမှန်းမသိမည်သူတွေ ဤလောကကြီးမှာ တန်းစီနေကြပါ တယ်။

ယခုလက်ရှိ ကမ္ဘာပေါ်မှာ နာမည်ကြီးနေတဲ့လူအများစုတို့သည် လွန်ခဲ့တဲ့နှစ်များစွာက သာမန်ဘ၀မျိုးကို ပိုင်ဆိုင်ထားတဲ့လူ များဖြစ်ခဲ့ကြပါတယ်။ သို့ပေမယ့်လည်း….. သူတို့မှာ…တစ်နေ့ကြရင် အောင်မြင်တဲ့လူ တစ်ယောက်ဖြစ်လာဖို့အတွက် အင်မ တန်မှ ကြီးမားတဲ့ လက်နက်ကောင်းတစ်ခုကိုပိုင်ဆိုင်ထားခဲ့ကြတယ်။ ထိုလက်နက်က ….. ?????

ယခုလက်ရှိ ကမ္ဘာပေါ်တွင် အောင်မြင်နေသူတို့သည် တစ်ချိန်တခါက သူတို့ဘ၀အတွက် အိမ်မက် [Dream/Vison] လှလှ လေးတွကို မက်မြင်ခဲ့သူများဖြစ်ကြပါတယ်။ သူတို့ဟာ…အောက်ခြေဘ၀မှ တစ်နေ့ကြရင်…  ငါ…  အောင်မြင်သောသူတစ် ဖြစ်ရမည်ဆိုသော ခိုင်မာတဲ့စိတ်ဆုံးဖြတ်ချက်များကို ပိုင်ဆိုင်ထားတဲ့သူများဖြစ်ကြပါတယ်။ ထို့ပြင် ဘယ်လိုဘ၀မျိုးကို ပိုင်ဆိုင်ရမယ်ဆိုတဲ့ တိကျပြတ်သားတဲ့ အိမ်မက်ကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ကြပါတယ်။ ဟိုဟို…ဒီဒီ ဆိုပြီး စိတ်ထွေနေ သူများမဟုတ်ကြပဲ ထိုအိမ်မက်ကို အကောင်ထည်ဖော်ဖို့ရန် နည်းအမျိုးမျိုးဖြင့် အသက်ကိုပင်မငဲ့ပဲ တစိုက်မတ်မတ် ကြိုး စားလာသူများ ဖြစ်ကြပါတယ်။

အောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာချင်ရင်တော့ အိမ်မက်(Dream/Vision) လှလှမက် ဖို့ရန်ကြိုးစားပါ။ ဥပမာ….. သင် ဟာ… အခုကနေ နောင် ၁၀-နှစ်ကြာရင် ဒါမှမဟုတ်…အနှစ် ၂၀ ကြာရင် သူဌေးဖြစ်ရမယ်၊ Mega Church Pastor ဖြစ်ရမယ်၊ စီးပွားပညာရှင်ကြီးဖြစ်ရမယ်၊ တက္ကသိုလ်နည်းပြဆရာဖြစ်ရမယ်၊ Mall ဆယ်ခုပိုင် ဆိုင်ရမယ်၊ ကွန်ပျူတာပညာရှင်ဖြစ်ရမယ်၊ အဆိုတော်တစ်ယောက် ဖြစ်ရမယ်၊ မင်းသား/မီး ဖြစ် 
ရမယ် အစရှိသဖြင့် တိကျပြတ်သားသော အိမ်မက်မက်နိုင်သောသူ ဖြစ်ရပါမယ်။  သင်…ပိုင်ဆိုင်လိုသော ဘ၀မျိုးကို ရွေးချယ်နိုင်သူတစ် ယောက်ဖြစ်ရပါမည်။  သင့်…ဘ၀ရှေ့ရေးအတွက် သင်အိမ်မက်မရှိဘူးဆိုရင်…သင့်ကို သန်းပေါင်းများစွာ ပေးသော်လည်း သင်ဘာလုပ် ရမှန်မ သိပဲ လိုချင်သောအရာများကိုသာ လျှောက်ဝယ်နေမှာဖြစ်ပါတယ်။ ဘ၀ရှေ့ရေး အတွက် တိကျတဲ့ အိမ်မက်မရှိတဲ့ လူတွေဟာ တစ်နေ့တာ အတွက်သာစဉ်းစားတတ်ပြီး၊ တစ်နေ့တာ အတွက် စားစရာများရရှိလျှင်ကျေနပ်ပျော်ရွှင်နေသူများ ဖြစ်ပါသည်။ ရေရှည်ကိုမစဉ်းစားသည့် အတွက် 
 ရေရှည်မှာလည်း သူ့ဘ၀၌ ဘာမျှထူးခြားပြီး ပြောင်းလဲမလာဘဲ နေ့စား ဘ၀နဲ့ သာဆက်လက်နေ
ထိုင်အသက်ရှင်မှာ ဖြစ်ပါတယ်။ ဘ၀အတွက် အိမ်မက် မရှိတဲ့ သူတွေဟာ အသက်ရှုရက်နဲ့ အသက်မဲ့နေသူများသာ ဖြစ်ကြပါတယ်။ 

အောင်မြင်သူတစ်ယောက်ဖြစ်ချင်သောသူတိုင်း အိမ်မက် (Vision) လှလှလေး ရှိသူဖြစ်ရပါမည်။ ထိုနောက်… ထိုအိမ်မက် ကို အကောင်အထည်ဖော်နိုင်ရန် ဇွဲ၊ လုံ့လ၊ ၀ိရိယတို့လည်းရှိရမည်ဖြစ်ပါသည်။ ကိုယ်သွားချင်သော လမ်းခရီးကို အခက်အခဲပေါင်းများစွာတို့နဲ့အတူ တစိုက်မတ်မတ်လျှောက် လှမ်းနိုင် သူဖြစ်ရပါမည်။ ဘ၀တွင် အိမ်မက်ကို အကောင်အ ထည်ဖော်နိုင်သူတို့သာလျင် အောင်မြင်နေကြပါသည်။
 အောင်မြင်မှုအတွက် တိကျပြတ်သားတဲ့ အိမ်မက် (vision) ရှိရ မည်။ ထို…..အိမ်မက်ကိုလည်း အကောင် အထည်ဖော်နိုင်ရန် ကြိုးစားအားထုတ်ရမည်ဖြစ်ပါသည်။

အိမ်မက် မရှိသောသူဟာ အလုပ်ကိုကြိုးစားလုပ်နေပါသော်လည်း ဦးတည်ရာ မရှိသည့်အတွက်အောင်မြင်
မှုရရှိရန်ခက်ခဲ နေတတ်သည်။ ထိုသူဟာ ပင်လယ်ကြီးပေါ်တွင် ဦးတည်ရာမဲ့နေသာ သင်္ဘောပျက်ကြီး ပမာဖြစ်နေပြီး  မည်သည့်ကမ်းကိုမှ ရောက်ရှိနိုင်ခြင်းမရှိပဲ လွင့်မြောနေခြင်းဖြင့်သာ ငုတ်တုတ်မိနေတတ် သည်။ အချိန်ကြာလာသည်နှင့်အမျှ ကြိုးစားအား ထုတ်မှုများလည်း ကျဆင်းသွားတတ်သည်။ စိတ်ကူးအိမ် မက်သာရှိပြီး ထိုအရာကို ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ခြင်း မရှိသောသူများသည်လည်းအောင်မြင်သူ
တစ်ယောက်ဖြစ်လာဖို့ရန် အကြောင်းလှမ်းနေသည်။ တိကျပြတ်သားသောစိတ် ကူးအိမ်မက် (vision) ရှိပြီး ထို….အိမ်မက်ကို အကောင်အထည်ဖော်ရန် တစိုက်မတ်မတ် လုပ် ဆောင်နေသူတို့သာ အောင်မြင်မှုများကို အလုံးအရင်း ဆွတ်ခူးနေကြခြင်းဖြစ်ပါသည်။
SHARE

Author

Hi, Its me Hafeez. A webdesigner, blogspot developer and UI/UX Designer. I am a certified Themeforest top Author and Front-End Developer. I'am business speaker, marketer, Blogger and Javascript Programmer.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 Comments:

Post a Comment