Ads

အနောက်တိုင်းမှာ မင်္ဂလာဆောင်တဲ့အခါ သတို့သမီးကို ဘယ်ဘက်မှာထားရခြင်း

အနောက်တိုင်းမှာ မင်္ဂလာဆောင်တဲ့အခါ သတို့သမီးကို ဘယ်ဘက်မှာပဲ
ထားကြ ပါတယ်။ အကြောင်း ကတော့ အခြားသော ယောင်္ကျားများက၊ ရန်သူများက မိမိရဲ့ ချစ်သူကို လာရောက် လုယူတဲ့အခါ ဓားထုတ်ပြီး အဆင်သင့် တိုက်ခိုက်နိုင်အောင် ဖြစ်ကြောင်း ဆိုပါတယ်။


သူက ရှေးယခင်က ယဉ်ကျေးမှု နှိမ့်ကျတဲ့အချိန်က အလေ့အထကနေ တဖြည်းဖြည်း ပြောင်းလဲလာခြင်း ဖြစ်ပြီး ဓားတွေ မဆောင်တော့ပေမယ့်၊ ရန်သူလည်း မလာတော့ပေမယ့် သတို့သမီးကို ဘယ်ဘက်မှာ ထားပါတယ်။

အကယ်၍ ညာသန် မဟုတ်ပဲ ဘယ်သန် ဖြစ်နေရင်ကော ဆိုတဲ့ မေးခွန်းအတွက် ကတော့ အဖြေမရှိပါဘူး။ အများစုကတော့ အမျိုးသမီးကို ဘယ်ဘက်မှာ ထားကြ လို့ပါ။ ညာသန်တဲ့ ယောင်္ကျားလေး အနေနဲ့ လမ်းလျှောက်တဲ့အခါပဲ ဖြစ်ဖြစ်၊ အိပ်တဲ့အခါပဲ ဖြစ်ဖြစ် ချစ်သူ၊ ဇနီးတို့ကို ဘယ်ဘက်မှာ ထားခြင်းဟာ ညာဘက်လက်ဟာ တစ်ခုခု အန္တရာယ် ကျရောက်လာချိန် တိုက်ခိုက် ခုခံပေးတတ်တဲ့ အနေအထား ကိုယ်ဟန် ဖြစ်ပြီး စိတ်ပညာ လေ့လာသူများက သူတို့ကို ချစ်သူများကို ကာကွယ်ပေးနိုင်သူ၊ အားကိုးစေနိုင်သူ အဖြစ် မှတ်ချက်ပြုပါတယ်။

အကယ်၍ ဘယ်သန်သူ ဆိုရင် ချစ်သူကို ညာဘက်မှာ ထားရင်လည်း အတူတူပဲ ဖြစ်ပါတယ်။ ဒီတော့ ဘယ်ညာရယ်လို့ မခွဲ အဆင်ပြေတဲ့ဘက်ကို အမြဲလိုလို ပြောင်းလဲ တတ်သူများအတွက် ဘယ်လို မှတ်ချက်မှတော့ ပေးမထား ပါဘူး။ ဘယ်ဘက်မှာ ချစ်သူကို ထားပြီး သွားလာကြတာကိုတော့ ပိုမို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။

(Ref: http://www.yoyarlay.com/health/health/article/40675-2015-03-09-07-23-07.html)
SHARE

Author

Hi, Its me Hafeez. A webdesigner, blogspot developer and UI/UX Designer. I am a certified Themeforest top Author and Front-End Developer. I'am business speaker, marketer, Blogger and Javascript Programmer.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 Comments:

Post a Comment