နတ်ဆိုးများရှိခြင်း မရှိခြင်းသည် မေးသင့်သောမေးခွန်းတစ်ရပ်ဖြစ်ပေသည်။ အချို့သောလူတွေက နတ်ဆိုး များရှိမည်မထင်ကြပါ။ နတ်ဆိုးများတည်ရှိနေ ကြောင်းကို သမ္မာကျမ်းစာက အတိအကျထွက်ဆို ထားပါ သည်။ သမ္မာကျမ်းစာက နတ်ဆိုးတို့အကြောင်းကို ဘယ်လိုဖော်ပြထားသလဲဆို လေ့လာကြည့်ရ အောင်။
နတ်ဆိုးဆိုသောစကားလုံးသည် ဂရိဘာသာစကား “dimon” မှဆင်းသက်လာသည်။ နတ်ဆိုးတို့သည် တစ်ချိန်က ကောင်းသောကောင်းကင်တမန်များဖြစ်ကြပါသည်။ သို့သော်သူတို့သည် ဖန်ဆင်းရှင်ဘုရား သခင်ကို ပုန်ကန်ခဲ့သောကြောင့် ဘုရားသခင်၏အပြစ်ပေးခြင်းကို ခံရပြီး ကောင်းကင်ဘုံမှ မြေကြီးပေါ်သို့ နှင်ထုတ်ခြင်းခံရပြီး အချို့တို့သည် အပြစ်စီရင်ရန် ချုပ်နှောင်ခြင်းကို ခံရကြသည် (ယေဇ ၂၈း၁၄-၁၈၊ ၂ ပေ ၂း၎၊ ယုဒ ၁း၆)။
ပြစ်မှားခြင်းကြောင့်အခြေအနေပြောင်းသွားသည် နတ်ဆိုးတို့ကို ဘုရားသခင်က သူတို့လုပ်ဆောင်နိုင်သော အရည်အချင်းများကိုပါ ဖျက်ဆီးလိုက်သည်ဟု သမ္မာကျမ်းစာတွင် မတွေ့ရပေ။ ထိုကြောင့်သူတို့သည် ကောင်းကင်ဘုံမှ နှင်ထုတ်ခြင်းခံရသော်လည်း ကောင်းကင်တမန်များကဲ့သို့ပင် အမျိုးမျိုးသောစွမ်းဆောင် ရည်များကို ပိုင်ဆိုင်နေမည်ဖြစ်ပါသည်။
နတ်ဆိုးတို့၏အဓိက လုပ်ဆောင်ချက်မှာ ဘုရားသခင်၏နိုင်ငံတော်ကို တတ်နိုင်သမျှ နှောက်ယှက်ဖျက်စီး ခြင်းဖြစ်ပါသည်။ သို့ပါသောကြောင့် နတ်ဆိုးတို့၏လုပ်ဆောင်ချက်များမှာ-လူနဲ့တိရိစ္ဆာန်များ၏ကိုယ် တွင်း တွင် ၀င်နိုင်ပြီးအမျိုးမျိုး ဒုက္ခပေးရန် (မသဲ ၉း၃၂ - ၃၃၊ လု ၄း၃၅၊ ၁၃း၁၁၊ မသဲ ၈း၃၂)။ မှားယွင်း သော သွန်သင်ချက် များဖြင့် လူတွေကိုဦးဆောင်ရန် (၁ တိ ၄း၁ - ၃)။ တိုင်းနိုင်ငံတို့ကို လိမ်လည်လှည့်ဖျားရန် (ဗျာ ၁၆း၁၃ - ၁၄)။
နတ်ဆိုးတို့သည် သန်မာန်ကြတယ် (မာကု ၅း၃ - ၄)။ ညတ်ညူးသော နတ်ဟု ယေရှုကိုယ်တိုင် ပြောဆို ခဲ့ပါသည် (လု ၈း၂၉)။ နတ်ဆိုးတို့သည် လူ၏ခန္ဓာကိုယ်အတွင်းသို့ ၀င်ရောက်လျှင် လူကိုနည်းမျိုးစုံ ဖြင့်ထိန်းချုပ်နိုင်သည် (မာကု ၅း၁-၂၀)။ တစ်နည်းဆိုရသော် နတ်ဆိုးစွဲသောသူသည် မိမိ၏အသိဥာဏ်ဖြင့် မိမိကိုယ်မိမိ ထိန်းချုပ်နိုင်ခြင်းမရှိတော့ပဲ နတ်ဆိုး၏ကြိုးဆွဲရာကို ကရတဲ့သဘောရှိသွားတော့သည်။
နတ်ဆိုးတို့က ခရစ်တော်ကို သိကြသည် (မာကု ၁း၂၄)၊ သူတို့သည် တစ်နေ့တွင်ဘယ်သို့သွားမည်ကို သိရှိကြသည် (မသဲ ၈း၂၉)၊ ဘုရားသခင်ကိုလည်း သိရှိကြသည် (ယာ ၂း၁၉)။ နတ်ဆိုးတို့သည် ဘုရားသခင် ၏စီရင်ခြင်းကို တစ်နေ့၌ခံရမည်ဖြစ်ပြီး ငရဲသို့ပစ်ချခြင်းကို ခံရမည်ဖြစ်သည် (မသဲ ၂၅း၄၁)။
နတ်ဆိုးတို့တွင် ပါဝါများရှိကြသည်။ ထို့ကြောင့်လူတွေကို နည်းမျိုးစုံဖြင့် စွဲဆောင်ထိန်းချုပ်နိုင်ကြသည်။ သို့သော နတ်ဆိုးတို့က ဘုရားသခင်ကိုမယှဉ်နိုင်ကြပေ (တမန်တော် ၁၉း၁၂၊ မာကု ၅း၁-၂၀)။ ဘုရားသခင် ၏လူတို့ကို ဘုရားသခင်၏ခွင့်ပြုချက်မရပဲ ထိပိုင်ခွင့်မရှိပေ (ယောဘ၏အသက်တာကိုကြည့်ခြင်းအားဖြင့်)။ ဘုရားသခင်သာလျင် သူတို့ကိုအပြစ်ပေးနိုင်သူဖြစ်ပြီး အပြစ်ပေးမည့်အကြောင်းကိုလည်းအထက်တွင် ဖော်ပြပြီးဖြစ်ပါသည်။
ကိုးကား

0 Comments:
Post a Comment