Ads

ဘရာဇီးဘော်လုံးသမား ဒေးဗစ်လူးဝစ် နှစ်ခြင်းခံရင်း ကတိမှတ်တိုင်တစ်ခုပြောကြား

ပီအက်စ်ဂျီအသင်းက ဘရာဇီးနောက်ခံလူ ဒေးဗစ်လူးဝစ်ဟာ ပြီးခဲ့တဲ့ သောကြာနေ့မှာ နှစ်ခြင်းမင်္ဂလာ ခံယူမှု ပြုလုပ်ခဲ့ပြီး တနိုင်ငံတည်းသား ကာကာလိုပဲ လိင်ကိစ္စကို လက်မထပ်ခင်အထိ
စောင့်ထိန်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒေးဗစ်ဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ ခရစ်ယာန်တစ်ဦး ဖြစ်ပြီး လက်ရှိမှာ ဆာရာမီဒီယာဆိုတဲ့ မိန်းမချောလေးနဲ့ တွဲခုတ်နေသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေးဗစ်ကတော့ သူက အခုအချိန်အထိ
လူပျိုရည်မပျက်သေးဘဲ ကာကာလိုပဲ လက်ထပ်ပြီးမှ လူပျိုဘ၀ကို စောင့်လွှတ်မယ်လို့ ပြောကြားခဲ့ပါတယ်။ “ ကျွန်တော့်အတွက် လိင်ကိစ္စဟာ အလျင်လိုစရာ မဟုတ်လို့ အချိန်ကျတဲ့အထိ
စောင့်ဆိုင်းသွားမှာ ဖြစ်ပါတယ်။” လို့ ဒေးဗစ်က ပြောကြားခဲ့ပါတယ်။ ဒေးဗစ်ဟာ ပီအက်စ်ဂျီအသင်းဖော် မက်စ်ဝဲလ်ပိုင်ဆိုင်တဲ့ ရေကူးထဲမှာ နှစ်ခြင်းမင်္ဂလာ ခံယူပြီး ခရစ်ယာန်ဘာသာဝင်တစ်ဦးအဖြစ်
ကိုယ့်ကိုယ်ကိုယ် ၀န်ခံခဲ့တာ ဖြစ်ပါတယ်။ ဒေးဗစ်ဟာ သူ နှစ်ခြင်း မင်္ဂလာပြုလုပ်တဲ့ပုံကိုလည်း အင်စတာဂရမ် ၀က်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။

ဒေးဗစ်လူးဝစ်လိုပဲ ဘရာဇီးဘောလုံး သမားတစ်ယောက်ဖြစ်တဲ့ ကာကာဟာ ချစ်သူ ကာရိုလိုင်းဆယ်လီကို ကို လက်ထပ်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ်အထိ လူပျိုဘ၀ကို ထိန်းသိမ်းခဲ့သူ ဖြစ်ပါတယ်။
ကာကာက လူအများစုဟာ လက်ထပ်ပြီးရင် ချစ်သူနဲ့ အိပ်ရာထဲကို အတူသွားချင်စိတ် မရှိတော့ပေမယ့် ကာရိုလိုင်းကတော့ သူ ချစ်ရတဲ့ တစ်ဦးတည်းသောသူ ဖြစ်နေတဲ့အတွက် မင်္ဂလာဆောင်တဲ့အထိ
အတူနေဖို့ စောင့်ဆိုင်းခဲ့တာလို့ ဖွင့်ဟခဲ့ပါတယ်။

 

Taken from: http://www.planet.com.mm/detail/27817/Sports
SHARE

Author

Hi, Its me Hafeez. A webdesigner, blogspot developer and UI/UX Designer. I am a certified Themeforest top Author and Front-End Developer. I'am business speaker, marketer, Blogger and Javascript Programmer.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 Comments:

Post a Comment