Ads

ခရစ်တော်၏တပည့်တော် ရှိမုန်



သမ္မာကျမ်းစာထဲတွင် ရှိမုန် အမည်ကို များစွာတွေ့ရသည်။ သခင်ယေရှု၏တပည့်တော်များအထဲတွင်လည်း ဤနာမည်ခံ နှစ်ယောက်ရှိသည်။ တစ်ဦးမှာ ရှိမုန်ပေတရုဖြစ်ပြီး၊ နောက်တစ်ဦးမှာ ရှိမုန်ဇေလုပ်ဖြစ်သည်။ 

ရှိမုန်ဇေလုပ်သည် ဂါလိလဲပြည်သားဖြစ်သည်။ သူသည် တံငါသည်တစ်ဦးဖြစ်သည်။ ဇေလုပ်အဖွဲ့ ၀င်တစ် ဦးလည်းဖြစ်နိုင်သည် (သမ္မာကျမ်းစာက ရှိမုန်ဇေလုပ်ဟုဖော်ပြသောကြောင့်)။ ကာနနိတ်ရှိမုန်ဟုလည်း သမ္မာကျမ်းစာတွင် တွေ့ရသည် (မသဲ ၁၀း၎၊ မာကု ၃း၁၈)။ သမိုင်းအဆိုအရ ရှိမုန်သည် Egypt, Cyrene, Africa, Mauritania, Britain, Lybia, Persia ဒေသတို့တွင် ခရစ်တော်၏သတင်းကောင်းကို သွားရောက် ဝေငှသက်သေခံခဲ့သည်။ 

ခရစ်တော်၏သတင်းကောင်းကို ဝေငှသက်သေခံစဉ်မှာပဲ ရောမအင်ပါယာက ၇၄ အေဒီခန့်တွင် သူ၏သက် သေခံချက်တို့ကြောင့် သေဒဏ်ပေးခဲ့ကြသည်။ သူ၏အထိမ်းအမှတ်သင်္ကေတမှာ ငါးပုံပါသောကျမ်းစာအုပ် ဖြစ်သည်။ တံငါသည်ဖြစ်ခဲ့ခြင်းကို ရည်ညွှန်းဟန်တူပါသည်။ 





ကိုးကား
C. Michael Patton, “The Death of the Twelve Apostles” (Reclaiming the Mind Ministries, 2009), 4.
http://www.biblepath.com/simon.html(accessed July 6, 2015)
SHARE

Author

Hi, Its me Hafeez. A webdesigner, blogspot developer and UI/UX Designer. I am a certified Themeforest top Author and Front-End Developer. I'am business speaker, marketer, Blogger and Javascript Programmer.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 Comments:

Post a Comment