Ads

တပည့်တော် ယုဒရှာကာရုတ်



Kerioth ဒေသသားဖြစ်သည်။ ဤဒေသသည် Hebron မြို့၏တောင်ဘက်ခြမ်းတွင် တည်ရှိသော မြို့ငယ်လေးတစ်မြို့ဖြစ်ပါသည်။ သူ၏ဖခင်မှာ ရှိမုန်ဖြစ်သည် (ယော ၁၂း၎)။ တပည့်တော် ၁၂-ပါး တွင် သူတစ်ဦးတည်းကသာ ဂါလိလဲသား မဟုတ်သူဖြစ်သည်။ ယေရှုခရစ်တော်ဦးဆောင်သော အဖွဲ့ငယ်လေးတွင် ဘဏ္ဍာထိန်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သို့သော် ဘဏ္ဍာထိန်း ကောင်းတော့မဟုတ်ချေ။ ငွေများကို ခိုးယူတတ်သောအကျင့်ရှိသည် (ယော ၁၂း၅-၆၊ ၁၃း၂၉)။ 

ယုဒရှာကာရုတ်သည် သူ၏သခင်ကို ငွေအကျပ်သုံးဆယ်ဖြင့်ရောင်းစားခဲ့သူဖြစ်သည် (မ ၁၆း၁၅)။ သူ၏သခင် အဖမ်းခံရပြီးနောက် နောင်တရကာ ထိုငွေတို့ကို ယဇ်ပရောဟိတ်တို့ထံ ပြန်လည်အပ်နှံ ခဲ့ပြီး၊ ယဇ်ပရောဟိတ်တို့က ထိုငွေဖြင့် မြေကွက်တစ်ကွက်ကို ၀ယ်ယူကြပြီး တစ်ပါးအမျိုးသားများ အတွက်အလောင်းမြုပ်စရာ သင်္ချိုင်းဖြစ်လာခဲ့ပြီး၊ ထိုမြေကို သွေးမြေဟု ခေါ်ဆိုကြသည် (မ ၂၇း၆-၁၀)။

ယုဒရှာကာရုတ်သည် သူ၏သခင်အပေါ်မှာသစ္စာဖောက်ရုံမက သူကိုယ့်သူ သစ်ပင်ပေါ်တွင် ကြိုး ဆွဲချ သတ်သေခဲ့သည်။ တမန်တော်ဝတ္တု ၁း၁၈ တွင်သူ၏အူများပေါက်ကြောင်းကို ဖော်ပြထား သည်။ အကြောင်းမှာ သူကြိုးချီထားသော သစ်ကိုင်းကျိုးကျ၊ သူ၏ခန္ဓာကိုယ်ပြုတ်ကျပြီး တစ်ခုခု နှင့်ထိမိကာ အူများပေါက်သွားခြင်းဖြစ်နိုင်သလို၊ ရက်ကြာလာသည်နှင့်အမျှ သူ၏လည်ပင်းပြတ် ကာ ခေါင်းနှင့်ခန္ဓာကိုယ် တစ်ပိုင်းဆီကျပြီး ခန္ဓာကိုယ်သည် ကျောက်ဆောင် (၀ါ) တစ်ခုခုနှင့်ထိမိ ကာ အူများပေါက်ရခြင်းလည်းဖြစ်နိုင်ပါသည်။ ပုပ်နေသောလူ၏ခန္ဓာကိုယ်သည် တစ်ခုခုနှင့် ထိ မိလျင် ပေါက်ပြဲလွယ်မည်မှာ သေချာလှပါသည်။ အမြင့်မှမြေကြီးပေါ်သို့ကျရုံနှင့် လည်း ပေါက် ပြဲနိုင်မည် ဖြစ်ပါသည်။ 



ယုဒ၏ သင်္ကေတ


ကိုးကား
http://www.biblepath.com/judas.html(accessed July 6, 2015)


SHARE

Author

Hi, Its me Hafeez. A webdesigner, blogspot developer and UI/UX Designer. I am a certified Themeforest top Author and Front-End Developer. I'am business speaker, marketer, Blogger and Javascript Programmer.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 Comments:

Post a Comment