Ads

ခရစ်တော်၏တပည့်တော် မဿဲ

မဿဲသည်အာလဖဲ၏သားဖြစ်ပြီး လေ၀ိဟုလည်းခေါ်ဆိုကြကာ အခွန်ခံဖြစ်သည် (မာကု ၂း၁၄၊ မသဲ ၉း၉၊ လုကာ ၅း၂၇-၂၈)။ နာမည်၏အဓိပ္ပါယ်မှာ “the gift of Jehovah” ဖြစ်သည်။ သူသည်ကပေရနောင်မြို့တွင် နေထိုင်သူ ဖြစ်သည်။ တပည့်တော် (၁၂) ပါးတို့တွင် အများစုတို့မှာ တံငါသည်များဖြစ်ကြသော်လည်း မဿဲသည် ဘောင်ပင် ကိုအသုံးပြုကာ အလုပ်လုပ်သူတစ်ဦးဖြစ်ပါသည်။ သူသည် ပညာ တတ်တစ်ဦးဖြစ်ကာ ရှင်မသဲခရစ်ဝင်ကျမ်းကို ရေးသားသူဖြစ်ပါသည်။ ခရစ်တော်၏ ဆုံးမသွန်သင်ချက်များကို ဟေဗြဲ ဘာသာဖြင့် အဦးဆုံးသော မှတ်တမ်းတင် ရေးသားပြုစုသူဖြစ်ပါသည်။

မဿဲသည် ဂျူးလူမျိုးနှင့် ဟေလသလူမျိုးတို့ထံ ခရစ်တော်၏သတင်းကောင်းကို ဝေငှခဲ့သည်။ Parsia (ယခု Ethiopia) တွင် သွားရောက်ကာ ခရစ်တော်၏အကြောင်းကို ဝေငှသက်သေခံခဲ့သည်။ မဿဲ သေဆုံးခဲ့သည့် နေရာကို ဖော်ပြရာ တွင် ပညာရှင်များအကြား မတူညီမှုလေးရှိနေပါသည်။ အချို့က သူသည် Nad-Davar မှာ ၆၀-၇၀ ခန့်တွင် ခေါင်းဖြတ် ခြင်းကို ခံခဲ့သည်ဟုဆိုကြပြီး အချို့ကတော့ Egypt (၀ါ) Parthia တွင် မာတုရဖြစ်ခဲ့သည်ဟုဆိုကြသည်။ သူ၏အထိမ်း အမှတ် သင်္ကေတမှာ ပိုက်ဆံအိတ်သုံးအိတ်ဖြစ်သည် (အခွန်ခံဖြစ်သောကြောင့်)။    



ကိုးကား
C. Michael Patton, “The Death of the Twelve Apostles” (Reclaiming the Mind Ministries, 2009), 3.

SHARE

Author

Hi, Its me Hafeez. A webdesigner, blogspot developer and UI/UX Designer. I am a certified Themeforest top Author and Front-End Developer. I'am business speaker, marketer, Blogger and Javascript Programmer.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 Comments:

Post a Comment