Ads

တပည့်တော် ဖိလိပ္ပု



ဖိလိပ္ပုသည် ဂရိနာမည်ဖြစ်သည်။ သို့သော် ဂျူးလူမျိုးဖြစ်သည်။ Philip the Tetrarch ကို ဂုဏ်ပြုတဲ့အ နေဖြင့် မှည့်ထားသော နာမည်ဖြစ်မည်ဟု ပညရှင်များက ထင်မြင်ယူဆကြသည်။ တံငါသည်ဖြစ်ကာ Bethsaida ဒေ သသားဖြစ်သည်။


ဖိလိပ္ပုသည် Scythia (ရုရှတောင်ပိုင်း) မှာခရစ်တော်၏ သတင်းကောင်းကို နှစ်ပေါင်း (၂၀) ခန့် ဝေငှသက်သေခံ ခဲ့သည်ဟု သမိုင်းအဆိုတစ်ခုက ဆိုထားပါသည်။ တမန်တော်ဝတ္တု ၁း၁၃ ဖော်ပြသော ဖိလိပ္ပုသည် တပည့်တော် ဖိလိပ္ပုဖြစ်မဖြစ် ပညာရှင်များအကြားတွင် အငြင်းပွားမှုရှိနေပါသည်။ ဖိလိပ္ပုသည် အဲသယောပိပြည်သား မိဖု ရားကန္ဒက်၏ ဘဏ္ဍတော် ထိန်းသူ၏အသက်တာကို ပြောင်းလဲစေ ခဲ့သူဖြစ်သည် (တမန်တော်ဝတ္တု ၈း၂၆-၄၀)။ 


ဖိလိပ္ပုသည် တပည့်တော် ဗာသောလမဲနဲ့အတူ Hierapolis, ယခုအခေါ် တူရိကီနိုင်ငံတွင် သတင်းကောင်းဝေငှရန် သွားရောက်ခဲ့သည်။ သူတို့နှစ်ယောက်သည် Hierapolis မှာရှိတဲ့ ရောမအရာရှိတစ်ဦး၏ အမျိုးသမီးကို သူမ၏အနာမှ သက်သာရာရရှိစေ ခဲ့သည့်အပြင် သူမ၏အသက်တာကို ပြောင်းလဲစေခဲ့သောကြောင့် အရာရှိ၏ အမျက်ထွက်မှုသည် သူတို့အပေါ်သို့ကျရောက်ကာ သေဒဏ်ပေးခြင်းကိုခံခဲ့ရကြသည်။ ဖိလိပ္ပုမှာ လက်ဝါးကပ်တိုင်တွင် အသေသတ်ခြင်း ခံရသော်လည်း၊ ဗာသောလမဲမှာ ထိုသေဒဏ်ပေးမှ လွတ်မြောက်ခွင့်ရကာ အိန္ဒိယနိုင်ငံ Caspian ပင်လယ်အနားတွင် သွားရောက်ပြီး Armenians လူမျိုးစုထံတွင် သတင်း ကောင်းဝေငှသက်သေခံခဲ့သည်။ 


ဖိလိပ္ပုသည် ၅၄ အေဒီခန့် အသက် (၈၇) ခန့်တွင်မာတုရဖြစ်ခဲ့သည်။ သူ၏ဂုတ်ဂူသည် Turkish မြို့၊ Hierapolis မှာရှိသည်ဟု ဆိုကြသည်။ သူ၏သင်္ကေတမှာ ခြင်းတောင်းဖြစ်သည်။ ခရစ်တော်က လူပေါင်း (၅၀၀၀) ကျော်ကို ကျွေးခဲ့စဉ်က သူ၏ပါဝင်လှုပ်ရှားမှုကို အခြေပြုထားသော သင်္ကေတဖြစ်သည်။ 





ကိုးကား




C. Michael Patton, “The Death of the Twelve Apostles” (Reclaiming the Mind Ministries, 2009), 3.
SHARE

Author

Hi, Its me Hafeez. A webdesigner, blogspot developer and UI/UX Designer. I am a certified Themeforest top Author and Front-End Developer. I'am business speaker, marketer, Blogger and Javascript Programmer.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 Comments:

Post a Comment