ဆာလံ ၂၃း၁ (ခ)
“ငါသည် ဆင်းရဲမခံရ”
ဆင်းရဲခြင်း - ဤစကားလုံးသည် ငွေရေးကြေးရေးဆင်းရဲခြင်းကို ပြောဆိုခြင်းမဟုတ်သလို ဤလောက ၏ ဒုက္ခပြသနာများကိုလည်း မဆိုလိုပါ။ ဆာလံဆရာက “ငါသည် ဆင်းရဲမခံရ” ဆိုသည့်အချက်မှာ ၀ိညာဉ်ရေးရာ ဆင်းရဲခြင်းကို မခံရဟု ဆိုလိုခြင်းဖြစ်ပါသည်။ ထိုသို့မခံရခြင်း၏ အကြောင်းရင်းမှာ ထာဝရဘုရားသခင်သည် သူ၏သိုးထိန်း (၂၃း၁ (က)) ဖြစ်သောကြောင့် ဖြစ်သည်ဟု ဆိုထားပါသည်။
လူရယ်လို့ဖြစ်လာရင် ပြသနာအမျိုးမျိုးနှင့် ရင်ဆိုင်ရမည်မှာ လွှဲရှောင်လို့မရသော ဤလောက၏နိယာမ ဖြစ်ပါသည်။ သို့သော် ထိုပြသနာအမျိုးမျိုးတို့ထက် ဆိုးဝါးသောအရာမှာ လူသည် သူ၏ဖန်ဆင်းရှင်ဘု ရားနှင့် ဝေးကွာနေခြင်းဖြစ်သည်။ ဘုရားသခင်နှင့် ဝေးကွာနေသောသူ၏ အသက်တာသည် အဓိပ္ပါယ် မရှိပေ။ ဤလောကတွင် အကောင်းဆုံးသော၊ အမြင့်ဆုံးသောဘ၀ကို ပိုင်ဆိုင်ထားသူဖြစ်ပါစေ ဘုရား နှင့် ဝေးကွာနေလျှင် အသက်ရှင်ရခြင်း၏အကျိုး မရှိပေ။ ထိုဆင်းရဲခြင်းထက်ကြီးမားသော ဆင်းရဲခြင်း မျိုး ဤလောကတွင် မရှိပေ။
လူသည် သူ၏ဖန်ဆင်းရှင်ဘုရားနဲ့ ကောင်းမွန်သော မိတ်သဟာရဖွဲ့မှု ရှိလျှင် အရာရာတိုင်းတို့သည် ကျေးဇူးတော်ချီးမွမ်းဖို့သာဖြစ်ပါသည်။ ငွေရေးကြေးရေး ဆင်းရဲခြင်း သည်လည်း ကျေးဇူးတော်၊ ချမ်းသာခြင်းသည်လည်း ကျေးဇူးတော်၊ ကျန်းမာခြင်းသည်လည်း ကျေးဇူး တော်၊ နာမကျန်းဖြစ်ခြင်း သည်လည်း ကျေးဇူးတော်များနဲ့ ပြည့်လျှံလျက်ရှိနေပါသည်။ ထိုသို့သော အသက်တာမျိုးကို ပိုင်ဆိုင် လိုသူသည် ၀ိညာဉ်ဆင်းရဲခြင်းနှင့် ကင်းလွတ်သောသူဖြစ်ဖို့ရန် လိုအပ်ပါ သည်။ ထိုအသက်တာကိုရရှိ ရန် လူသည် သူ၏ဖန်ဆင်းရှင်ဘုရားနှင့် ကောင်းမွန်သောမိတ်သဟာရ ဖွဲ့မှုရှိရန် လိုအပ်ပါသည်။ ထာဝ ရဘုရားသည် မိမိ၏သိုးထိန်းရှင် ဖြစ်ရမည်။

0 Comments:
Post a Comment