Ads

ဆာလံ ၂၄း၁ (၀ိညာဉ်ခွန်အား)



ဆာလံ ၂၄း၁

“ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာကိုလည်းကောင်း၊ လောကဓာတ်နှင့် လောကသားတို့ကိုလည်းကောင်း ပိုင်တော်မူ၏။” 

“ထာဝရဘုရားက တရားစီရင်ပိုင်ခွင့်ရှိသလား?” ဟူသောမေးခွန်းမေးတတ်သူတို့နှင့် စာရေးသူကြုံဖူးခဲ့ပါသည်။ ရိုးရှင်းသော အဖြေမှာ “စီရင်ပိုင်ခွင့်ရှိပါသည်” ဟူသောစကားလေးသာဖြစ်ပါသည်။ အထက်ကဖော်ပြသောကျမ်းပိုဒ်တွင် တွေ့ရသည့် အတိုင်း အရာခပ်သိမ်းတို့သည် ဘုရားသခင်ပိုင်ဆိုင်ကြောင်း တွေ့ရပါသည်။


မိမိပိုင်ဆိုင်သော ပစ္စည်း၊ ဥစ္စာများကို မိမိစိတ်ကြိုက် စီရင်ပိုင်ခွင့်လူတိုင်းတွင်ရှိပါသည်။ မည်သူကမှ အပြစ်ဆိုပိုင်ခွင့်မရှိပေ။ ထိုသို့ပြုလုပ်လာလျင်လည်း ပြုလုပ်လာသူသာ အရှုံးနှင့်ရင်ဆိုင်ရမည်ဖြစ်ပါသည်။ ထိုနည်းလည်းကောင်း၊ ဘုရားသခင် သည် အရာခပ်သိမ်းကို ဖန်းဆင်းတော်မူသောဘုရား၊ ဖန်ဆင်းတော်မူသောအရာခပ်သိမ်းအပေါ်တွင် စီရင်ပိုင်ခွင့်အားလုံး ကို ပိုင်ဆိုင်သူဖြစ်ပါသည်။ သူ၏စီရင်ပိုင်ခွင့်အပေါ် လူသားများက ပြစ်တင်ဝေဖန်၍ မရပေ။ လိုက်နာရန်သာ တတ်နိုင်ကြ မည်ဖြစ်သည်။ 


သင်သည် မိမိကိုယ်မိမိမပိုင်ကြောင်းကို သိရှိဖို့ရန် ဤကျမ်းပိုဒ်က ဖော်ပြနေပါသည်။ လူသည် မိမိကိုယ်ကိုမိမိ ပိုင်ဆိုင်သည် ဟု သတ်မှတ်နေလျှင် ဘုရားသခင်နှင့် မိသဟာရဖွဲ့ရန် ခက်ခဲနေမည်ဖြစ်ပါသည်။ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းဖို့ ရန် မဖြစ်နိုင်ပေ။ အလိုတော်ကိုလည်း ၀န်ခံနိုင်မည်မဟုတ်ပေ။ 


ဘုရားသခင်၏အလိုတော်ကို ၀န်ခံတတ်သောဘုရား၏လူ ဖြစ်ဖို့ရန်၊ သင်သည် မိမိကိုယ်ကိုမိမိမပိုင်ဆိုင်ကြောင်း၊ ဘုရားသ ခင်ကသာ သင့်ကိုပိုင်ဆိုင်ကြောင်းကို သိရှိလက်ခံကျင့်သုံးဖို့ရန် လိုအပ်သည်။ ထိုသို့မပြုလျှင် သင်သည် အလိုတော်ကို ၀န် ခံတတ်သောသူ မဖြစ်နိုင်ပေ။ ဘုရားသခင်က ကျွန်ုပ်ကိုပိုင်ဆိုင်သည်၊ ဘုရားသခင်၏ စေခိုင်းချက်အတိုင်းသာ အကျွန်ုပ်အ သက်ရှင်နေထိုင်သွားမည်ဆိုသော ဆုံးဖြတ်ချက်ဖြင့်သာ အလိုတော်ကိုဝန်ခံတတ်သော အသက်တာကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ 



SHARE

Author

Hi, Its me Hafeez. A webdesigner, blogspot developer and UI/UX Designer. I am a certified Themeforest top Author and Front-End Developer. I'am business speaker, marketer, Blogger and Javascript Programmer.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 Comments:

Post a Comment